အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်သည် ဗလင်စီယာအသင်းသို့ ပေါင်(၁၁)သန်းဖြင့် ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းသိရသည်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်ကစားသမား ဂါဘရီယဲလ်သည် ၂၀၁၅ ခုနှစ်က ဗီလာရီးယဲလ်မှ အာဆင်နယ်အသင်းသို့
ပေါင်(၁၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၂)ရာသီအတွင်း (၆၄)ပွဲသာ ကစားခဲ့ရသလို အရံအဖြစ်သာပါဝင်ကစားခွင့်ရခဲ့သည်။ သို့ဖြစ်
ရာ ဂါဘရီယဲလ်သည် အာဆင်နယ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဗလင်စီယာအသင်းသည် ဂါဘရီယဲလ်ကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။ ယခုနွေရာသီတွင် အာဆင်နယ်အသင်းမှ
ဆနိုဂို၊ ဆဇက်စနီတို့ပြီးနောက် ဂါဘရီယဲလ်မှာ အသင်းနှင့်လမ်းခွဲခဲ့သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
REF:Daily Mail