ပြီးခဲ့သည့် စပိန်စူပါဖလားပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနှင့်ကစားခဲ့သည့်ပွဲတွင်
ကွင်းလယ်ဒိုင်ဖြစ်သူကို တွန်းခဲ့သဖြင့် (၅)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသော ရီးယဲလ်အသင်း
တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အယူခံပယ်ချခံခဲ့ရကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲတွင် ဂိုးသွင်းယူပြီးနောက် အကျီ ၤချွတ်အောင်ပွဲခံခဲ့သဖြင့်
ပထမတစ်ကြိမ်အဝါကတ်ထိခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ဟန်ဆောင်လှဲချခဲ့သောကြောင့်
ဒုတိယအဝါကတ်ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရသည်။
ကွင်းလယ်ဒိုင်မှ ၎င်းအားထုတ်ပယ်ခဲ့ချိန်တွင် စီရော်နယ်လ်ဒိုသည် စိတ်မထိန်းနိုင်ခဲ့ဘဲ
တွန်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်တနင်္လာနေ့၌ စပိန်ဘောလုံးအဖွဲ့ချုပ်သည် အနီကတ်ပြစ်ဒဏ်ကြောင့်
အလိုအလျောက် (၁)ပွဲပယ်နှင့် ကွင်းလယ်ဒိုင်ကို တွန်းခဲ့သဖြင့် ထပ်ဆောင်း(၄)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း
ဖြစ်သည်။
ယင်းပြစ်ဒဏ်ကို ရီးယဲလ်အသင်းက အယူခံဝင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့၌ စပိန်ဘောလုံးအဖွဲ့ချုပ်က အယူခံကို
ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ဘာစီလိုနာအသင်းနှင့် စပိန်စူပါဖလားဒုတိယအကျော့ပွဲစဉ်၊
ဒီပို့တီဗို၊ ဗလင်စီယာ၊ လီဗန်တေးနှင့် ဆိုစီဒက်အသင်းများနှင့် ကစားမည့် လာလီဂါပွဲစဉ်(၄)ပွဲကို
လွဲချော်မည်ဖြစ်ပြီး စက်တင်ဘာ (၁၂)နှင့် (၁၃)ရက်များ၌ ကစားမည့်
ချန်ပီယံလိဂ်ပွဲစဉ်များတွင်မှ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။
ယင်းအနီကတ်ပြစ်ဒဏ်မှာ စီရော်နယ်လ်ဒို၏ ကစားသမားဘဝတွင် (၁၀)ကြိမ်မြောက်အနီကတ်ပြစ်ဒဏ်
ဖြစ်ကြောင်း သိရသည်။