■ ချက် နှင့် ဂျာမနီ (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဂျာမနီအသင်းရဲ့ အိမ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းက ဂျာမနီက ချက်ကို (၃-ဝ)ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့တယ်။ ဂျာမနီအသင်းအတွက် သောမတ်စ်မူလာ နှစ်ဂိုးသွင်းခဲ့ပြီး၊ တိုနီကရူးစ်လည်း ဂိုးသွင်းခဲ့တယ်။ ဒါတောင်တိုက်စစ်ပိုင်းက လွဲချော်မှုတချို့ရှိခဲ့လို့ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာဖြစ်တယ်။ လက်ရှိအချိန်မှာ ချက်အသင်းကအုပ်စုတွင်းအဆင့် (၃)နေရာမှာ ရပ် တည်နေပြီး ရမှတ်က (၉)မှတ်ရရှိထားတယ်။ ဂျာမနီက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပြီး (၆)ပွဲကစား၊ (၆)ပွဲနိုင်၊ ရမှတ် (၁၈)မှတ်ရထားတယ်။ တကယ်တော့ ဒီပွဲက ဂျာမနီအသင်းအတွက် အရမ်းအရေးကြီးတဲ့ ပွဲမဟုတ်ပါဘူး။ ချက်အသင်းအတွက်ကတော့ (၄)မှတ်အသာနဲ့အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတဲ့ မြောက်အိုင်ယာလန်ကို အမီလိုက်ဖို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေတာကိုတွေ့ရတယ်။ ဒါပေမဲ့ လက်ရှိချက်အသင်းမှာ ထိပ်တန်းအဆင့် ကစားသမားဆိုတာ မမြင်ရသလောက်ကို ရှားပါးသွားပြီး အသင်းလိုက်ဟန်ချက်နဲ့ ကစားနေတဲ့အဆင့်မျိုးပဲ ရှိတော့တယ်။ နက်ဗက်၊ ရိုဆစ်စကီးတို့လိုကစားသမားတွေမရှိတော့သလို၊ အသင်းမှာ ဒုတိယတန်းစားကစားသမားတောင် သိပ်မပါဝင်တာမျိုးဖြစ်နေတယ်။ ဂျာမနီကတော့ ဒီပွဲအတွက်လူရွေးချယ်ရာမှာလည်း အဓိကကစားသမား အစုံအလင်ကို ရွေးချယ်ထားတာတွေ့ရတယ်။ ဒါပေမဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လူငယ်ကစားသမားအများစုကိုနေရာပေးလိမ့်မယ်ထင်တယ်။ ဂျာမနီကို ပဲ ကြိုက်ပါတယ်။
■ ချက် နှင့် ဂျာမနီ ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
■ ချက်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းနောက်ဆုံး (၇)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိခဲ့ပြီး သွင်းဂိုးမရရှိသည့်ပွဲမှာ (၅)ပွဲအထိရှိခဲ့သည်။
■ ဂျာမနီအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့် အထက်တွင် ရှိခဲ့သည်။
■ ဂျာမနီအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၁၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ သွင်းဂိုးမရရှိသည့်ပွဲမှာလည်း (၁)ပွဲသာရှိခဲ့သည်။
■ ချက်အသင်းနှင့် ဂျာမနီအသင်းတို့တွေ့ဆုံခဲ့သည့် နောက်ဆုံး (၆)ကြိမ်ဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၃)ဂိုးနှင့် အထက်တွင်ရှိခဲ့သည်။
■ ဒိန်းမတ် နှင့် ပိုလန် (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဒိန်းမတ်က ဒီပွဲမှာသာ ပိုလန်ကို မနိုင်ဘူးဆိုရင် ခြေစစ်ပွဲအာင်ဖို့ မျှော်လင့်ချက်ရှိမယ့် (၂)နေရာမှာ တစ်နေရာကိုလက်လွှွတ်လိုက်ရပြီလို့ ဆိုရမယ်။ ပိုလန်ကလည်း ဒီပွဲနိုင်ရင် ခြေစစ်ပွဲအောင်ဖို့အခြေအနေကောင်းပါပြီ။ ပိုလန်ကွင်းမှာတုန်းကတော့ ပိုလန်ကခက်ခက်ခဲခဲနဲ့အနိုင်ယူခဲ့ရတယ်။ ဒီပွဲလည်း ပိုလန်အနိမ့်ဆုံးတော့ သရေကျမှာပါ။
■ ရိုမေးနီးယား နှင့် အာမေးနီးယား (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံးက အမှတ်တူအသင်းတွေပါ။ ရိုးမေးနီးယားကဒီပွဲကိုအနိုင်ရမှ အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက် ငွေ့ငွေ့ရှိပါလိမ့်မယ်။ အာမေးနီးယားကလည်း ရမှတ်အရ ရိုမေးနီးယားနဲ့အမှတ်တူနေပေမယ့် အိမ်ကွင်းပွဲတုန်းက ရိုမေးနီးယား ကို (ဝ-၅)ဂိုးနဲ့အပြတ်အသတ်ရှုံးထားပါတယ်။ ဒီပွဲလည်း ရိုမေးနီးယားနိုင်ဦးမှာပါ။ ဂိုးအများကြီးတော့မပြတ်နိုင်ဘူး။
■ လစ်သူယေးနီးယား နှင့် စကော့တလန် (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အင်္ဂလန်ကို လိုက်မီဖို့မလွယ်တော့ပေမယ့် ဆလိုဗက်ကီးယားနဲ့ ဆလိုဗေးနီးယားအသင်းတွေကို လိုက်မီဖို့အတွက် စကော့တလန်မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေတယ်။ လစ်သူယေးနီးယားကလည်း အိမ်ကွင်း (၃)ပွဲမှာ မော်လ်တာတစ်သင်းတည်း ကိုအနိုင်ရထားတဲ့အသင်းပါ။ အမှတ်လိုနေတဲ့ စကော့တလန် အနိုင်ကစားလိမ့်မယ်။
■ မော်လ်တာ နှင့် အင်္ဂလန် (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အင်္ဂလန်အသင်းက ဘယ်လို လူစာရင်းမျိုးနဲ့ ပွဲထွက်လာ လာ မော်လ်တာလိုအသင်းကိုတော့ အနိုင်ယူဖို့ အခက်အခဲမရှိ နိုင်ပါဘူး။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိကကစား သမားအစုံအလင်ပါဝင်နေပြီး၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာလည်း အတောင့်တင်းဆုံးအနေအထား ရွေးချယ်ထားတာတွေ့ရတယ်။ အင်္ဂလန်ပဲ ဂိုးပြတ်နိုင်လိမ့်မယ်။
■ ဆလိုဗက်ကီးယားနှင့် ဆလိုဗေးနီးယား (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဒီပွဲမှာ ရှုံးတဲ့အသင်းက ခြေစစ်ပွဲအောင်ဖို့ စိုးရိမ်ရမယ့်အ နေအထားဖြစ်သွားမှာဖြစ်သလို၊ စကော့တလန်ရဲ့ ဖိအားပေးမှုကိုပါ ခံရလိမ့်မယ်။ ဆလိုဗေးနီးယားကွင်းမှာတုန်းက ဆလိုဗက်ကီးယားကို (၁-ဝ)နဲ့အနိုင်ကစားခဲ့ပြီး ဒီပွဲမှာတော့ ဆလိုဗက်ကီးယားအသင်းရဲ့ကွင်းမှာ ပြန်ရုန်းကန်ရလိမ့်မယ်။ ဆလိုဗက်ကီးယားကိုပဲ ကြိုက်တယ်။
■ ဖင်လန် နှင့် အိုက်စလန် (၂-၉-၂၀၁၇ နံနက် ၁း၁၅ နာရီ)
တူရကီ၊ ယူကရိန်းတို့အပေါ်မှာ နှစ်မှတ်အကွာနဲ့ ဦးဆောင်နေတဲ့ အိုက်စလန်အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ ဖင်လန်ကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါပေမဲ့ ဒုက္ခပေးနိုင်ဖို့တော့ ကြိုးစားဦးမှာပဲ။ ဖင်လန်က အိမ်ကွင်း (၃)ပွဲမှာ ခရိုအေးရှား၊ ယူကရိန်းတို့ကို ရှုံးပေမယ့် အခက်တွေ့စေခဲ့တယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။