ဒီယေဂိုကော်စတာအား အပြီးသတ်ခေါ်ယူနိုင်ပါက ဂရစ်ဇ်မန်းအား အက်သလက်တီကို ရောင်းထုတ်ဖွယ်ရှိ

ဒီယေဂိုကော်စတာအား အပြီးသတ်ခေါ်ယူနိုင်ပါက ဂရစ်ဇ်မန်းအား အက်သလက်တီကို ရောင်းထုတ်ဖွယ်ရှိ
Published 22 August 2017

Photo: Dailystar.co.uk

အက်သလက်တီကိုမက်ဒရစ်အသင်း သည် ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး ဒီ ယေဂိုကော်စတာအား ခေါ်ယူဖြစ်ပါက အ သင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း အား မန်ယူအသင်းထံသို့ ပြန်လည်ရောင်း ထုတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။ အက်သလက်တီကို မက်ဒရစ်အသင်း သည် လက်ရှိအချိန်တွင် အပြောင်းအရွှေ့ ပြုလုပ်ရန် ပိတ်ပင်ခံထားရသော်လည်း လာ မည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များ ကို ပြန်လည်ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။

၎င်းတို့အသင်းသည် လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး ဒီယေဂို ကော်စတာအား အပြောင်းအရွှေ့ အသုံးစရိတ် ယူရို (၄၅)သန်း ဝန်းကျင်ဖြင့် ပြန်လည်ခေါ်ယူ ရန် စီစဉ်နေပြီး၊ အကြိုသဘောတူညီမှု ရယူ ထားနိုင်ပြီဟုလည်း သတင်းများထွက်ပေါ် လျက်ရှိသည်။ ယင်းအတွက်ကြောင့် ဒီယေဂို ကော်စတာအား ပြန်လည်ခေါ်ယူနိုင်ပါက ဂရစ်ဇ်မန်းကို ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဂရစ်ဇ်မန်းကိုလည်း လာမည့် ဇန်နဝါ ရီ အပြောင်းအရွှေ့ကာလအထိသာ အသင်း တွင် အသုံးပြုမည်ဖြစ်ပြီး၊ မန်ယူအသင်းနှင့်မူ အကြိုသဘောတူညီမှု ရယူထားရန် စီစဉ်နေ ခြင်းဖြစ်သည်။ အက်သလက်တီကိုမက်ဒရစ် အသင်းသည် ဂရစ်ဇ်မန်းအား ပြောင်းရွှေ့ ကြေး ယူရိုသန်း (၁၀၀) ဝန်းကျင် အလိုရှိ နေပြီး မန်ယူအသင်းကလည်း ယင်းပြောင်း ရွှေ့ကြေးငွေပမာဏကို ပေးချေရန် အသင့် ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြ လျက်ရှိသည်။

Most Read

Most Recent