ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီ အတည်ပြု

ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီ အတည်ပြု
Published 22 August 2017

Photo:AFP

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက မိမိတို့အသင်းထံသို့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီအတွင်း ကစားသမားသစ်များ ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်းနှင့်အသင်းတာဝန်ရှိသူများသည် ယင်းကိစ္စအတွက်အစွမ်းကုန်ကြိုး စားနေကြသည်ဟု ဝန်ခံပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ ပွဲစဉ် (၂)ပွဲကစားပြီးချိန်တွင် ရမှတ် (၃)မှတ်သာ ရရှိထားပြီး ဗိုလ်စွဲရန် ရေပန်းစားမှုစာရင်းတွင်လည်း တတိယနေရာတွင်သာ ရပ်တည်လျက်ရှိသည်။ အဓိကကစားသမားအချို့ကို ခေါ်ယူခဲ့ သော်လည်း အသင်းမှကစားသမားအချို့ပြန်လည်ထွက်ခွာသွားသဖြင့် အသင်းအင်အားမှာ ကြီးကြီးမားမားတိုးတက်ပြောင်းလဲလာခြင်းမရှိသေးသော်လည်း ကွန်တီက လက်ရှိလူအင်အားကို ကျေနပ်မိသလို နောက်ထပ်ကစားသမားသစ်များလည်း ထပ်မံ ရောက်ရှိလာဦးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ကွန်တီက ''ကျွန်တော်တို့အသင်းရဲ့ လူစာရင်းကိုအကောင်း ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကလပ်အသင်းတာဝန်ရှိသူတွေကလည်း နောက်ထပ်ကစားသမားသစ်တွေခေါ်ယူဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြပြီး၊ အသင်းရဲ့လူအင်အားက ပိုမိုတောင့်တင်းလာဦးမှာပါ။ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ကစားသမားသစ်တွေ ထပ်ပြီးရောက်လာပါလိမ့်မယ်''ဟု စပါးအသင်းကို အဝေးကွင်းတွင် (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲအပြီး၌ ကွန်တီက ပြောကြားသွားခဲ့သည်။

Most Read

Most Recent