ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်း၏ ကွင်းလယ်လူ ကော်တင်ဟိုအတွက် စတုတ္ထအကြိမ်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခံရပြီးနောက် ယင်းကြိုးပမ်းမှုကို လက်လျှော့ လိုက်ပြီဖြစ်ကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် စွမ်းဆောင်ရည်အပေါ် ထပ်ပေါင်းကြေး ပေါင် (၁၁၃)သန်း အထိ တန်ကြေးရှိမည့် ကမ်းလှမ်းမှု ကို ပြုလုပ်ခဲ့သည့်တိုင် လီဗာပူးလ်အသင်းက ငြင်းဆန်ခဲ့ခြင်းကြောင့် ကြိုးပမ်းမှုကိုလက်လျှော့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ကော်တင်ဟို၏ပြောင်းရွှေ့ကြေးအတွက် ပေါင် သန်း (၁၄၀)အထိ အလိုရှိနေကြောင်း သတင်းများက ဆိုသည်။