ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဟောင်း လာပေါ်တာနှင့် တိုက်စစ်မှူးဟောင်း နေမာတို့ သည် ဘာစီလိုနာအသင်း၏ အုပ်ချုပ်ရေးပိုင်း ကို ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် နောက်ပိုင်း နှစ်များတွင် အောင်မြင်မှုများကျဆင်းလာပြီး အသင်းအင်အားဖြည့်တင်းမှုများမှာလည်း အားရစရာအနေအထားမျိုးမဟုတ်ချေ။
အဓိက ကစားသမားတစ်ဦးဖြစ်သည့် နေမာအား ရောင်းထုတ်ပြီးသည့်တိုင် ပြန်လည်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိသလို၊ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန်မှာလည်း ကြန့်ကြာလျက်ရှိ သည်။ ယင်းအတွက်ကြောင့် မက်ဆီအား သူ ၏လျော်ကြေးစာချုပ်အတိုင်း ယူရိုသန်း(၃၀၀) ပေးချေကာ မန်စီးတီးအသင်းက ခေါ်ယူဖွယ်ရှိ နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။
ယင်းအတွက်ကြောင့် လာပေါ်တာက ''ဘာတိုမူ (လက်ရှိဥက္ကဋ္ဌ)အသင်းမှာ ဆက်ရှိနေရင်တော့ မက်ဆီ ဘာစီလိုနာမှာ ဆက်ရှိဖို့ မလွယ်ပါဘူး။ မက်ဆီကို ဘာစီလိုနာအသင်းမှာ ပျော်ပျော်ရွှင်ရွှင် ဆက်ကစားစေချင်တယ်ဆိုရင် ဘာတိုမူထွက်ခွာသွားမှဖြစ်ပါ လိမ့်မယ်''ဟု ပြောကြားခဲ့သည်။ နေမာကလည်း ''ကျွန်တော် ဘာစီလိုနာအသင်းမှာ အလွန်ပျော်ရွှင်စရာ ကောင်းတဲ့ (၄)ရာသီကို ကစားခဲ့ပြီး ဒီအသင်းကိုလည်း တကယ်ချစ် ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ ဒီ ထက်ပိုကောင်းတဲ့ အုပ်ချုပ်မှုနဲ့ ထိုက်တန်ပါ တယ်''ဟု ပြောကြားခဲ့သည်။