လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် အာဆင်နယ်အသင်းမှ နောက်ခံလူနှစ်ဦးဖြစ်သည့် ယန်ကင်ဆန်နှင့် ဘရာမောလ်တို့ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတွင် ကစားသမားများ ဖောင်းပွနေသောကြောင့် လူလျှော့ချမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည့်အတိုင်း ယင်းကစားသမားနှစ်ဦးကို အငှားချခဲ့ခြင်းဖြစ်သည်။
အသင်းတွင် နေရာမရဘဲ အငှားချခံရခြင်းဖြင့်သာ အချိန်ကုန်နေရသည့် ယန်ကင်ဆန်က အာဆင်နယ်အသင်းနှင့် အပြီးသတ်လမ်းခွဲရန် လိုလားနေသော်လည်း အာစင်ဝင်းဂါးက အငှားချရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဘာမင်ဂမ်အသင်းသည နည်းပြဟာရီရက်နက်ပ် ကိုင်တွယ်နေသည့်အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် ရည်ရွယ်နေသော်လည်း ပွဲစဉ်(၄)အပြီးတွင် အဆင့်(၁၅)နေရာသို့ ရောက်ရှိနေသည်။