အေစီမီလန်အသင်းသည် ဖီအိုရင်တီးနားအသင်းတိုက်စစ်မှူး ကာလီနစ်ကို ခေါ်ယူနိုင်တော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ အေစီမီလန်က အသင်း၏ Twitter စာမျက်နှာမှတစ်ဆင့် နီကိုလပ်စ်ကာာလီနစ်ကို ကြိုဆိုကြောင်း ဗီဒီယိုဖိုင်တင်ရှိပြီး အသိပေးခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် နာမည်ကြီးတိုက်စစ်မှူးများဖြစ်သည့် အူဘာမီယန်း၊ ဘယ်လော့တီတို့နှင့် သတင်းများထွက်ပေါ်ခဲ့ သော်လည်း နောက်ဆုံးတွင် ကာလီနစ်ကိုသာ ခေါ်ယူနိုင်ခဲ့သည်။ အီတလီသတင်းများအရ ကာလီ နစ်သည် ယနေ့တွင် အစီမီလန်အသင်းနှင့် ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း သိရသည်။
ကာလီနစ်မှာ ပြီးခဲ့သည့်ရာသီက စီးရီးအေပွဲစဉ် ၃၃ ပွဲကစားခဲ့ရာတွင် ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ် ၇ ပွဲကစားရာတွင် (၅)ဂိုးအထိ သွင်းယူခဲ့သည်။
အေစီမီလန်အသင်းသည် ကာလီနစ်ကို ယခုရာသီ ၁၁ ဦးမြောက်အဖြစ် ခေါ်ယူမည်ဖြစ်ပြီး ယခင်က ဘိုနူချီ၊ အန်ဒရေဆေးလ်ဗား၊ ကွန်တီ၊ ချာဟာနိုဂလူး၊ မူဆက်ခီယို၊ ရီကာဒိုရိုဒရီဂွက်ဇ်၊ ဘစ်ဂလီယာ၊ ကက်ဆီး၊ A.ဒွန်နာရမ်မာ၊ ဘော်ရီနီတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo: Four Four Two