မန်စီးတီးအသင်းမှ ပြင်သစ်ကွင်းလယ်လူ နာဆရီသည် တူရကီကလပ် အန်တယ်ယာစပေါ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။
နာဆရီမှာ ၎င်းနှင့် အန်တယ်ယာစပေါ်ဓအသင်းအကြား အပြောင်းအရွှေ့ကို အပြီးသတ်ရန် သြဂုတ် ၂၀ ရက်က တူရကီသို့ ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဆီဗီလာအသင်းသို့ အငှားသွားကစားဖူးသူ နာဆရီအနေဖြင့် မန်စီးတီးအသင်းမှ အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် စာချုပ်သက်တမ်း (၂)နှစ်ကျန်နေသေးသည့် (၃၀)နှစ်အရွယ်ရှိ နာဆရီကို ရောင်းချခြင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းခန့်ရရှိရန် မျှော်လင့်ထားသည်။