ယနေ့ည နှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည နှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 August 2017

■ လိုင်လီ နှင့် ကိန်း (၂၀-၈-၂၀၁၇ ည ရး၃၀ နာရီ)

ပြင်ဆင်မှုအကြီးအကျယ်လုပ်ထားတဲ့ လိုင်လီ ပြီးခဲ့တဲ့ တစ်ပတ်က ရှုံးခဲ့လို့ ဒီပွဲမှာထပ်အမှားခံမှာမဟုတ်ဘူး။ အဝေး ကွင်းဂိုးသွင်းအားမရှိတဲ့ ကိန်း ဂိုးပြတ်မရှုံးရင် ကျေနပ်ရမယ်။

■ မာဆေးလ် နှင့် အန်ဂါစ် (၂၀-၈-၂၀၁၇ ည ၉း၃၀ နာရီ)

နောက်ဆုံး(၄)ပွဲဆက် အနည်းဆုံး(၂)ဂိုး သွင်းထားနိုင်တဲ့ အန်ဂါစ်တိုက်စစ်ကို (၃)ပွဲဆက်ဂိုးမပေးခဲ့ရတဲ့ မာဆေးလ်ထိန်း  ချုပ်ဖို့ ရုန်းကန်ရနိုင်တယ်။ မာဆေးလ် ဂိုးမပြတ်ဘဲ နိုင်မယ်။

■ PSG နှင့် တူးလူး (၂၁-၈-၂၀၁၇ ည ၁း၃၀ နာရီ)

နေမာ၊ ဒီမာရီယာ၊ ကာဗာနီစတဲ့တောင်အမေရိကကြယ် ပွင့်တွေနဲ့ PSG တိုက်စစ်ကို တူးလူးထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။  ဒီပွဲမှာ သူတို့(၃)ဦး ဟန်ချက်ပိုညီလာဖို့ရှိပြီး အဝေးကွင်းညံ့တဲ့ တူးလူးကို အနိုင်ယူဖို့ သေချာသလောက်ပါပဲ။ PSG ဂိုးပြတ်၊ မပြတ်ဘဲစောင့်ကြည့်ရမယ်။

Most Read

Most Recent