■ ဘီလ်ဘာအို နှင့် ဂီတာဖေး (၂၀-၈-၂၀၁၇ ည ၁၀း၄၅ နာရီ)
■ ဗယ်လ်ဗာဒီကိုလက်လွှတ်လိုက်ရတဲ့ ဘီလ်ဘာအိုအ တွက်တော့ ရာသီသစ်မှာ နည်းပြအသစ်နဲ့အခြေကျနိုင်ပါ့မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ ဘီလ်ဘာအိုဟာ အိမ်ကွင်းအား ကောင်းတယ်။ အိမ်ရှင်နဲ့ ဂိုးအများကိုပဲရွေးထားချင်တယ်။
■ ဘာစီလိုနာ နှင့် ဘက်တစ် (၂၁-၈-၂၀၁၇ နံနက် ၀၀း၄၅ နာရီ)
■ MSN တိုက်စစ်အတွဲမရှိတော့တဲ့နောက် ဘာစီလိုနာရဲ့တိုက်စစ်အားက စောင့်ကြည့်စရာတော့ဖြစ်လာတယ်။ နေမာ နေရာ ဒယ်လိုဖူ ဝင်ကစားနေပေမယ့် ဘာစီလိုနာရဲ့တိုက်စစ်အတွဲဟာ အသက်ဝင်ဖို့အချိန်ပေးရဦးမလိုတော့ ရှိနေသေးတယ်။ တိုက်စစ်မှာ အယ်လ်ကာဆာရှိနေသေးပေမယ့်လည်း ဘာစီလိုနာရဲ့တိုက်စစ်အတွက်တော့ သိသာတဲ့အသုံးဝင်မှုမျိုးမပြနိုင် သေးဘူး။ ကွင်းလယ်မှာ လူသစ်ပေါ်လင်ဟိုရောက်လာပေမယ့် အသင်းနဲ့ ချက်ချင်းအထိုင်ကျဖို့ မရှိသေးသလို၊ အင်နီယေ စတာကလည်း အသက်အရွယ်အရ အကျဘက်ပြလာချိန်မှာ နည်းပြဗယ်လ်ဗာဒီအတွက်တော့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းဟာ ခေါင်းစားစရာဖြစ်နေပါတယ်။ ဒါပေမဲ့အဖွင့်ပွဲမှာ ဘာစီလိုနာအတွက် ကံကောင်းတာက အိမ်ကွင်းမှာ ဘက်တစ်လိုအသင်းကို ရင်ဆိုင်ရမှာဖြစ်နေတာပါပဲ။ ရာသီကြိုစူပါဖလားမှာ ရီးယဲလ်ကိုအိမ်ကွင်းမှာပဲ အရှုံးပေးခဲ့ရတာက ဒီပွဲကိုမဖြစ်မနေအနိုင်ကစား ဖို့တွန်းအားတစ်ခုလိုဖြစ်နေတယ်။ ဘက်တစ်ရဲ့ခြေစွမ်းကလည်းအိမ်ကွင်းမှာပဲ အားကိုးလောက်စရာရှိပြီး အဝေးကွင်းရောက် ရင်ရုန်းကန်ရတတ်လို့ အခုလည်း အိမ်ကွင်းမှာအနိုင်ကစားမယ့်ဘာစီလိုနာကို တားဆီးဖို့မလွယ်ပါဘူး။ ဂိုးလည်းများလိမ့်မယ်။
■ ဘာစီလိုနာ နှင့် ဘက်တစ်ပွဲစဉ်မှ ပွဲကြိုအချက်အလက် အချို့
■ ဘာစီလိုနာအသင်းသည် လာလီဂါအိမ်ကွင်းနောက်ဆုံး (၁၇)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၁၄)ပွဲနိုင်၊ (၃)ပွဲသရေရလဒ်ကိုရရှိထားသည်။
■ ဘာစီလိုနာအသင်း၏ လာလီဂါအဝေးကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၅.၄)ဂိုးအထိရှိသည်။
■ ဘက်တစ်အသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၁၅)ပွဲတွင် (၃)ပွဲသာအနိုင်ရထားပြီး (၂)ပွဲသရေကျကာ၊ (၁၀)ပွဲအထိရှုံးနိမ့်ထားသည်။
■ ဒီပို့တီဗို နှင့် ရီးယဲလ်မက်ဒရစ် (၂၁-၈-၂၀၁၇ နံနက် ၀၂း၄၅ နာရီ)
■ ခြေစမ်းပွဲတွေမှာ ပုံမှန်ခြေစွမ်းမျိုးထုတ်မပြနိုင်ခဲ့ပေမယ့် စူပါဖလားလို တကယ့်တရားဝင်ပြိုင်ပွဲတွေမှာတော့ ရီးယဲလ်မက် ဒရစ်ဟာ သူတို့ရဲ့ချန်ပီယံသွေးကိုပြသနိုင်ခဲ့တယ်။ ဥရောပစူပါဖလားမှာ မန်ယူကို အနိုင်ယူ၊ စပိန်စူပါဖလား ပထမအကျော့မှာ လည်း လာလီဂါရဲ့အဓိကပြိုင်ဘက် ဘာစီလိုနာကို နူးကမ့်မှာ အနိုင်ကစားပြြ့ပီး ရာသီသစ်အတွက် အဆင်သင့်ရှိနေကြောင်းကို ပြသနိုင်ခဲ့တယ်။ အခုလာလီဂါအဖွင့်ပွဲမှာလည်း အဝေးကွင်းမှာကစားရမှာဆိုပေမယ့် အခုနောက်ပိုင်းတွေ့ဆုံတိုင်း အနိုင်ကစား နိုင်တဲ့ ဒီပို့တီဗိုလိုအသင်းဖြစ်နေလို့ ရီးယဲလ်အတွက် စိုးရိမ်စရာသိပ်မရှိဘူးလို့ထင်စရာပါပဲ။ ဒါပေမဲ့ ဒီပို့တီဗိုရဲ့ရာသီကြိုပြင်ဆင်မှု တွေကိုကြည့်ရင် နည်းပြပီပီမဲလ်လက်ထက်မှာ ခံစစ်ကစားပုံပိုငြိမ်လာသလိုတွေ့ရပြီး ခြေစမ်းပွဲတွေမှာလည်း ပုံစံကောင်းကိုပြသ နိုင်ခဲ့ပါတယ်။ ရီးယဲလ်ကတော့ အခုအချိန်ထိ ရာသီကြိုကာလမှာ BBC တိုက်စစ်အတွဲကို ပွဲထုတ်တာမရှိသေးပေမယ့် တိုက်စစ် ပိုင်းကတည်ငြိမ်မှုကို ဆက်လက်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပို့တီဗိုကလည်း ရာသီအဖွင့်အိမ်ကွင်းပွဲပီပီ တက်ကြွစွာပွဲထွက်လာ နိုင်မယ့် အနေအထားမျိုးလည်းရှိနေလို့ ရီယေဇာမှာတော့ ဒီပို့တီဗိုနဲ့ ဂိုးအများကိုပဲ စွန့်စားကြည့်ရမယ့်ပွဲမျိုးဖြစ်နေတယ်။
■ ဒီပို့တီဗို နှင့် ရီးယဲလ်မက်ဒရစ်ပွဲစဉ်မှ ပွဲကြိုအချက်အလက် အချို့
■ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၉)ပွဲဆက်အနိုင်ရထားပြီး တစ်ပွဲပျမ်းမျှသွင်းဂိုးမှာ (၃.၂)ဂိုးအထိရှိသည်။
■ ရီးယဲလ်မက်ဒရစ်အသင်းခံစစ်ပိုင်းသည် လာလီဂါအဝေးကွင်းနောက်ဆုံး (၁၃)ပွဲတွင် (၁၁)ပွဲအထိဂိုးပေးထားရသည်။
■ ဒီပို့တီဗိုအသင်း၏ လာလီဂါအိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၃ .၂)ဂိုးရှိသည်။