■ ဟတ်ဒါဖီးလ် နှင့် နယူးကာဆယ် (၂၀-၈-၂၀၁၇ ည ရး၀၀ နာရီ)
■ ဟတ်ဒါဖီးလ် နှင့် နယူးကာဆယ် (၂၀-၈-၂၀၁၇ ည ရး၀၀ နာရီ) ဟတ်ဒါဖီးလ်က ဒီ့ထက်ကောင်းတဲ့ ချိုမြိန်မှုနဲ့ ပရီးမီးယား လိဂ်ကို စတင်နိုင်တော့မှာမဟုတ်ဘူး။ အဝေးကွင်းမှာ အဖွင့်ပွဲ ဂိုးပြတ်နိုင်ခဲ့သလို အာရွန်မွိုင်းရဲ့ ခြေစွမ်းကလည်း ဒီပွဲမှာဆက်ပြီး စောင့်ကြည့်ချင်စရာပါ။ နယူးကာဆယ်က ပိုကောင်းတဲ့အသင်း ဆိုပေမယ့် ဒီပွဲလည်း ဟတ်ဒါဖီးလ်ပဲ ကြိုက်တယ်။
■ စပါး နှင့် ချယ်လ်ဆီး (၂၀-၈-၂၀၁၇ ည ၉း၃၀ နာရီ)
ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ချယ်လ်ဆီးက အဖွင့် ပွဲစဉ်မှာ ရှုံးထားတဲ့အတွက် ဒီပွဲမှာသာ အမှတ်ထပ်လျော့ရင် ရာသီကုန် အမှတ်ပေးချန်ပီယံဆုအတွက်ပါ စောစောစီးစီးဖိအား ဝင်သွားနိုင်တယ်။ စပါးက အမှတ်လျော့လို့ရတဲ့အနေအထားမျိုးမှာ ချယ်လ်ဆီးအသင်းရဲ့အနေအထားက သေရေးရှင်ရေးဖြစ် နေတာတစ်ခုက ချယ်လ်ဆီးအတွက် ဖိအားဖြစ်စေမလား၊ တွန်းအားဖြစ်စေမလားဆိုတာ စောင့်ကြည့်ရမယ်။ စပါးက ဝင်ဘလေ ကွင်းမှာ မနှစ်က ချန်ပီယံလိဂ်မှာ ရလဒ်တွေမကောင်းခဲ့ဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အိမ်ကွင်းရလဒ်အရမ်းကောင်း တာကိုတွေ့ရတယ်။ အထူးသဖြင့် နောက်ပိုင်းနှစ်တွေမှာ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ရလဒ်ပိုင်းအပြတ်အသတ်အသာစီးယူ ထားနိုင်တာကို တွေ့ရတယ်။ ချယ်လ်ဆီးအသင်းက မနှစ်က အဝေးကွင်း Underdog အနေအထားမှာ (၄)ပွဲကစားခဲ့ပြီး (၁) ပွဲပဲ အနိုင်ရခဲ့တယ်။ အခုပွဲအတွက် စဉ်းစားရင်လည်း ချယ်လ်ဆီးက ဒဏ်ရာ၊ ပွဲပယ် ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး စပါးက အတည်ငြိမ်ဆုံးအနေအထားမှာ ရှိနေဆဲပဲ။ အိမ်ရှင် စပါးအသင်းကိုပဲ ကြိုက်ပါတယ်။
■ စပါး နှင့် ချယ်လ်ဆီးပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
■ စပါးအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး (၁၄)ပွဲဆက်အနိုင်ရရှိခဲ့ပြီး သွင်းဂိုးမှာလည်း (၁)ပွဲလျှင် ပျမ်းမျှ (၃)ဂိုးအထိရရှိခဲ့သလို၊ Clean Sheet ရရှိခဲ့သည့်ပွဲမှာလည်း (၉)ပွဲအထိရှိခဲ့သည်။
■ ချယ်လ်ဆီးအသင်းသည် နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲအထိသွင်းဂိုးရယူနိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှာလည်း (၅)ပွဲရှိခဲ့သည်။
■ စပါးအသင်းသည် ချယ်လ်ဆီးအသင်းနှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး (၄)ကြိမ်ဆက် ရှုံးပွဲမရှိခဲ့ချေ။
■ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးအထိရှိခဲ့သည်။