LMA ၏ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းထွက်ပေါ်

LMA ၏ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းထွက်ပေါ်
Published 15 May 2018

အင်္ဂလန်လိဂ်မန်နေဂျာများအဖွဲ့(LMA)က ၂၀၁၇-၁၈ ရာသီ အကောင်းဆုံးနည်းပြဆု အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းတွင် ပါဝင်သူများမှာ ဂွါဒီယိုလာ(မန်စီးတီး)၊ ယာဂန်ကလော့ပ်(လီဗာပူးလ်)၊ ဝါနော့ခ်(ကာဒစ်ဖ်)၊ ရှောင် ဒိုက်(ဘန်လေ)၊ ဆန်တို(ဝုလ်ဗ်)နှင့် ဂျွန်ကိုးလ်မန်း(အက်ခရင်တန်)တို့ဖြစ်သည်။

LMA သည် အင်္ဂလန်ဘောလုံးလောက၏ အတန်းအသီးသီးတွင် အကောင်းဆုံးစွမ်းဆောင်ခဲ့သည့်နည်းပြ များထဲမှ အကောင်းဆုံးတစ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး ဂွါဒီယိုလာက ရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent