နှစ်ပေါင်း(၁၁၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွင့်(၂)ပွဲဆက် (၄)ဂိုးပြတ်နိုင်တဲ့ မန်ယူ

နှစ်ပေါင်း(၁၁၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွင့်(၂)ပွဲဆက် (၄)ဂိုးပြတ်နိုင်တဲ့ မန်ယူ
Published 20 August 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၂) စနေည အစောဆုံးပွဲစဉ်အဖြစ် ဆွမ်ဆီးနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်ယူအသင်းဟာ အဖွင့်ပွဲမှာ ဝက်စ်ဟမ်းအသင်းကို (၄)ဂိုးပြတ် အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး အိမ်ရှင် ဆွမ်ဆီးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် ကိုယ်စီရခဲ့ပေမယ့် လွဲချော်ခဲ့ကြပြီး မန်ယူအသင်းရဲ့ ဦးဆောင်ဂိုးကိုတော့ ပထမပိုင်း ပြီးခါနီးမှာ ရရှိခဲ့တာပါ။ ကွင်းလယ်လူ ပေါ့ဘာရဲ့ ခေါင်းတိုက်ချက် ပြန်ထွက်လာတာကို နောက်ခံလူ ဘာယီ အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပြီး နောက်ထပ်ဂိုးတွေကိုတော့ လူစားလဲလှယ်မှုတွေလုပ်ပြီးမှ ရရှိခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်၊ မာတာတို့အစား မာစီယဲလ်၊ ဖယ်လေနီတို့ ဝင်လာပြီးနောက်ပိုင်းမှာ မန်ယူအသင်း အခွင့်အရေးတွေ ပိုမိုရရှိလာပြီး ဂိုးတွေဆက်တိုက်သွင်းယူသွားခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဒုတိယဂိုးကို (၈၀)မိနစ်မှာ လူကာကူက မစ်ခီတာရီယန်ရဲ့ ပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ လူကာကူဟာ အဖွင့်ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပြီး မန်ယူအသင်းအတွက် ပထမဆုံးကစားတဲ့ (၂)ပွဲစလုံးမှာ

Photo: AFP

ဂိုးသွင်းနိုင်တဲ့ (၅)ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

တတိယမြောက်ဂိုးကိုတော့ (၈၂)မိနစ်မှာ မစ်ခီတာရီယန်ရဲ့ ဖန်တီးမှုကတစ်ဆင့် ပေါ့ဘာ သွင်းယူခဲ့ပြီး စတုတ္ထမြောက် ဂိုးကိုတော့ (၈၄)မိနစ်မှာ ပေါ့ဘာရဲ့ ပေးပို့မှုကတစ်ဆင့် မာစီယဲလ် သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ နှစ်ပေါင်း (၁၁၀)အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဖွင့်(၂)ပွဲဆက် (၄)ဂိုးပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

■ ပွဲရလဒ်
ဆွမ်ဆီး ဝ-၄ မန်ယူ

Most Read

Most Recent