■ဆွမ်ဆီး နှင့် မန်ယူ (စနေည ၆း၀၀ နာရီ)
အဖွင့်ပွဲစဉ်တွေမှာတော့ မန်ယူပြသခဲ့တဲ့ ပုံစံကအကောင်း ဆုံးလို့ ပြောလို့ရတယ်။ လူကာကူလည်း တိုက်စစ်မှာ ယုံကြည်မှု ပိုရှိနေလိမ့်မယ်။ အဝေးကွင်းမှာ နိုင်သင့်တဲ့အသင်းတွေကို အနိုင် ကစားတာကလည်း မနှစ်ကတည်းက မန်ယူအတွက် ပြဿ နာမဟုတ်ခဲ့ဘူး။ ဒီပွဲလည်း မန်ယူနိုင်လိမ့်မယ်။
■ဘုန်းမောက် နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)
လီဗာပူးလ်နဲ့ ပွဲမှာ ဝက်ဖို့ဒ်ပြသခဲ့တဲ့ ခြေစွမ်းက ကျေနပ်စ ရာပါ။ တိုက်စစ်က တည်ကန်ဘောတွေရော open play မှာပါ အားရစရာကောင်းတာကို တွေ့ရတယ်။ ဘုန်းမောက်က အိမ် ကွင်းမှာ အားကောင်းပါတယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်အသင်းရဲ့ ခြေစွမ်း နဲ့ မာကျောမှုကို ပိုကြိုက်တယ်။
■ဘန်လေ နှင့် ဝက်စ်ဘရွန်း (စနေည ၈း၃၀ နာရီ)
နှစ်သင်းစလုံးက အဖွင့်ပွဲတွေမှာနိုင်ထားတယ်။ ဘန်လေ က ချယ်လ်ဆီးကိုအဝေးကွင်းမှာ နိုင်ထားပြီး ဒီပွဲမှာ အိမ်ကွင်းပွဲ စဉ်ကစားရမှာဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ ပိုအားကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဘန်လေလိုအသင်းအတွက် နှစ်ပွဲဆက်အနိုင်ဆိုတာခက် ပါတယ်။ ဝက်စ်ဘရွန်းလည်းမညံ့ဘူး။ သရေကျနိုင်တယ်။
■လက်စတာ နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)
လက်စတာက အာဆင်နယ်နဲ့ပွဲမှာ ကစားပုံကောင်းပါ တယ်။ ကံဆိုးခဲ့လို့ သရေရလဒ်နဲ့ လွဲချော်ခဲ့တယ်လို့ ပြောရမယ်။ ဘရိုက်တန်ကတော့ ခံစစ်ကစားပြီး အဝေးဘောတွေပဲ သုံးတတ် တယ်။ လက်စတာကွင်းမှာလည်း ဒီပုံစံပဲ ကစားလိမ့်မယ်။ ဒါပေမဲ့ လက်စတာ ကျော်ဖြတ်နိုင်မှာပါ။
■လီဗာပူးလ် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်နဲ့ ပွဲမှာ လီဗာပူးလ်မညံ့ခဲ့ဘူး။ တိုက်စစ်ကလည်း ဂိုး တွေ ပုံမှန်အတိုင်းရခဲ့ပြီး ခံစစ်ကတော့ အိမ်ကွင်းမှာ ပိုတိုးတက် လာမယ်လို့ ယူဆရတယ်။ ပဲလေ့စ်က စိတ်ပျက်စရာ စုဖွဲ့မှုနဲ့ စိတ် ပိုင်းဆိုင်ရာကိုပြခဲ့တယ်။ မနှစ်ကလည်း ကံကောင်းလို့တန်းမဆင်း ခဲ့ရတာပါ။ လီဗာပူးလ် ဂိုးပြတ်နိုင်ဦးမယ်။
■ဆောက်သမ်တန် နှင့် ဝက်စ်ဟမ်း (စနေည ၈း၃၀ နာရီ)
ဆောက်သမ်တန်က ဆွမ်ဆီးနဲ့ပွဲမှာ ယူသင့်တဲ့ရလဒ်ကို ယူခဲ့တယ်ပဲ ပြောရမယ်။ ဂိုးမရှိသရေရလဒ်က မဆိုးပါဘူး။ ဝက်စ် ဟမ်းကတော့ ကစားသမားကောင်းတွေရှိသလောက် အထိုင်နဲ့ စုဖွဲ့မှုက စိတ်ပျက်စရာကောင်းတယ်။ ဒီပွဲလည်း ဆောက်သမ် တန်ကွင်းမှာ ဝက်စ်ဟမ်းရုန်းကန်ရလိမ့်မယ်။
■စတုတ်စီးတီး နှင့် အာဆင်နယ် (စနေည ၁၁း၀၀ နာရီ)
စတုတ်စီးတီးနဲ့ အာဆင်နယ်တွေ့တဲ့ပွဲတွေက အမြဲတမ်း ပွဲဆူလေ့ရှိတယ်။ အထူးသဖြင့် စတုတ်စီးတီးကွင်းမှာ ဒီပွဲကခပ် ကြမ်းကြမ်းပုံစံတွေနဲ့ အဆုံးသတ်လေ့ရှိတယ်။ အာဆင်နယ်က မနှစ်က အဝေးကွင်းကောင်းတဲ့အသင်းတွေထဲမှာပါဝင်ခဲ့ပြီး စ တုတ်ကိုလည်း ဂိုးပြတ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာရုန်းရနိုင်တယ်။