ကော်တင်ဟိုကို ပေါင်(၁၁၄.၂)သန်းဖြင့် ဘာစီလိုနာအသင်းမှ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုအား လီဗာပူးလ်ပယ်ချ

ကော်တင်ဟိုကို ပေါင်(၁၁၄.၂)သန်းဖြင့် ဘာစီလိုနာအသင်းမှ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုအား လီဗာပူးလ်ပယ်ချ
Published 19 August 2017

 

လီဗာပူးလ်အသင်းသည် ၎င်းတို့၏ ကွင်းလယ်လူ ကော်တင်ဟိုအား ဘာစီလိုနာအသင်းမှ ပေါင်(၁၁၄.၂)သန်း(ယူရို ၁၂၅သန်း) ဖြင့်
တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် တိုက်စစ်မှူးနေမာကို ကမ္ဘာ့စံချိန်
တင်ပြောင်းရွှေ့ကြေးဖြင့် PSG အသင်းထံ ရောင်းချခဲ့ပြီးနောက် ကော်တင်ဟိုအား ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိနေသည်။ ဘာစီလို
နာအသင်းသည် ကွမ်ကျိုးအဲဗားဂရန်းကွင်းလယ်လူ ပေါ်လင်ဟိုအား ခေါ်ယူခဲ့ပြီးဖြစ်သော်လည်း ကော်တင်ဟိုအတွက် လက်မလျှော့သေးဘဲ
ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်းသိရသည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအား ပေါင်(၇၅)သန်း၊ ပေါင်သန်း(၉၀)၊ ယခု ပေါင်(၁၁၄.၂)သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး အကြိမ်တိုင်း
ပယ်ချခံခဲ့ရသည်။ ကော်တင်ဟိုသည် လီဗာပူးလ်အသင်းထံ အသင်းပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုထားသော်လည်း နည်းပြယာဂန်ကလော့ပ်
က ကော်တင်ဟိုအား မည်သည့်ဈေးရသည်ဖြစ်စေ ရောင်းချမည်မဟုတ်ဟု ဆိုခဲ့သည်။ ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုကို ပေါင်(၁၁၈.၇)
သန်း(ယူရို သန်း ၁၃၀)အထိ တိုးမြှင့်၍ ကမ်းလှမ်းရန် စီစဉ်နေကြောင်းလည်းသိရသည်။

REF:Daily Mail

Most Read

Most Recent