ယူရိုပါလိဂ် Play-off ပွဲကို အဲဗာတန် ကွင်းလယ်လူသစ် ဆီဂတ်ဒ်ဆန် လွဲချော်မည်

ယူရိုပါလိဂ် Play-off ပွဲကို အဲဗာတန် ကွင်းလယ်လူသစ် ဆီဂတ်ဒ်ဆန် လွဲချော်မည်
Published 17 August 2017

 

Photo: evertonfc

 

အသက်(၂၇)နှစ်အရွယ်ရှိ အိုက်စလန် ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်သည် ဆွမ်ဆီးမှ အဲဗာတန်အသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲထွက်ကစားရန် လုံလောက်သည့် ကြံ့ခိုင်မှု မရှိသေး၍ ကစားစေမည်မဟုတ်ကြောင်း သိရသည်။

 

အဲဗာတန်အသင်းသည် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းနှင့် ဆုံတွေ့မည်ဖြစ်သော်လည်း ယူရိုပါလိဂ်တွင် အဓိက ကစားသမားများကို ပွဲထုတ်သွားမည်ဖြစ်ကြောင်း အဲဗာတန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက ပြောကြားခဲ့သည်။

 

ရော်နယ်လ်ကိုးမင်းက "ကျွန်တော်တို့ မန်စီးတီးနဲ့ပွဲအတွက် ကစားသမားတွေကို အနားပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥရောပပြိုင်ပွဲမှာ ကစားချင်ပါတယ်။ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်သွားပါမယ်"ဟု ဆိုခဲ့သည်။

 

အဲဗာတန်အသင်း၏ တိုက်စစ်မှူး ဆန်ဒရိုမှာ ခြေဖနောင့် ဒဏ်ရာကြောင့် ပါဝင်ကစားရန် မသေချာသေးဘဲ ကွင်းလယ်လူ မက္ကာသီမှာမူ ဒူးဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent