အဲဗာတန် နှင့် ဟတ်ဒတ်
ဟတ်ဒတ်စပလစ်အသင်းက ခရိုအေးရှားမှာ အစဉ်အ အလာကြီးမားတဲ့အသင်းပါ။ အဲဗာတန်အဖို့ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ဆက်တိုက်ကစားဖို့ရှိတာ ထည့်တွက် ရမယ်။ ဟတ်ဒတ်စပလစ်ကိုပဲ အရဲစွန့်ရွေးချင်တယ်။
ပါနာသီနေကော့စ် နှင့် ဘီလ်ဘာအို
ပါနာသီနေကော့စ်အသင်း ရလဒ်တွေတောက်လျှောက် ကောင်းနေတယ်။ ဘီလ်ဘာအိုကလည်း အဝေးကွင်းဆို အာ ရုံ စူးစိုက်မှုနည်းတာ သတိပြုရမှာပါ။ သရေကျသွားဖို့များပါ တယ်။
ဘရုဂေး နှင့် AEK အေသင်
ချန်ပီယံလိဂ်ကထွက်လာရတဲ့(၂)သင်း ယူရိုပါလိဂ်ပြိုင် ပွဲမှာ ပြန်လည်ဆုံတွေ့နေတာပါ။ AEK အေသင်မှာ အယ်လ်မေးဒါး၊ ချီဂရင်စကီးတို့လို ဝါရင့်တွေရှိပေမယ့် အိမ်ရှင်အသင်းပဲ အနိုင်ကစားသွားဖို့များတယ်။
ဗာဒါ နှင့် ဖီနာဘာချီ
ကစားသမားပိုင်းချင်းယှဉ်ရင် ဒီ(၂)သင်းအကြားမှာ ကွာ ဟချက်အတော်ကြီးပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲတွေ မှာ ဗာဒါရဲ့အိမ်ကွင်းစွမ်းဆောင်မှုကို အသိအမှတ်ပြုရမယ်။ ဗာ ဒါနဲ့ပဲ စွန့်စားသင့်တယ်။
အူထရက်ချ် နှင့် ဇင်းနစ်
ဇင်းနစ်အသင်းက ဥရောပပွဲတွေမှာ ကွင်းမရွေးတဲ့အသင်း စာရင်းထဲ ထိပ်ဆုံးကပါပါတယ်။ ပထမအကျော့မှာပဲ အပြတ် ဖြတ်နိုင်ဖို့ ဇင်းနစ် အားထည့်ကစားဖို့များတယ်။ ဇင်းနစ်ကိုပဲ ရွေးချယ်ချင်တယ်။
ဗီတိုရူလ် နှင့် ဆာလ်ဇ်ဘာ့ဂ်
(၂)သင်းစလုံး ချန်ပီယံလိဂ်ကနေ ထွက်လာရပေမယ့် အ နေအထားချင်းတော့ မတူပါဘူ။ ဆာလ်ဇ်ဘာ့ဂ်က ဥရောပသမ္ဘာပိုင်းမှာ အပြတ်အသတ်သာပါတယ်။ ဗီတိုရူလ်ရဲ့ အိမ်ကွင်းတစ်ပေါက်ကိုတော့ စောင့်ကြည့်ရမယ်။
ခရက်စ်နိုဒါ နှင့် ဇီဗက်ဒါ
ဒီ(၂)သင်းခြေစွမ်းက ကွာခြားချက်မရှိပါဘူး။ အိမ်ကွင်း လက်ခံကစားရမှာဖြစ်တဲ့ ခရက်စ်နိုဒါက တစ်ပန်းသာနေတာတော့ အမှန်ပါပဲ။ ရုရှားလက်ရွေးစင်တွေလည်းရှိတဲ့ ခရက်စ်နိုဒါ အနိုင်ကစားဖို့များတယ်။
BATE နှင့် အိုလက်
BATE အသင်း ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ အဝေးဂိုးရလဒ် ကြောင့်သာ ထွက်ခဲ့ရတာပါ။ ကစားသမားပိုင်းရော၊ ဥရောပအ တွေ့အကြုံမှာပါ BATE သာပါတယ်။ BATE အနိုင်သေချာ လောက်တယ်။
အေစီမီလန် နှင့် ရှက်ကန်
မက်ဆီဒိုးနီးယားကလပ် ရှက်ကန်ဒီယာအနေနဲ့ Play-off အဆင့်မှာပဲ လမ်းဆုံးဖို့သေချာနေပြီ။ စီးရီးအေရာသီအဖွင့် ပွဲတွေကလည်း ပွဲစဉ်ချောင်နေလို့ အေစီမီလန် အခုပွဲကို ဖိဖိစီးစီးကစားလိမ့်မယ်။ အေစီမီလန် (၂)ဂိုးပြတ်ဖို့မခက်ပါဘူး။
ဒွန်ဇယ်လ် နှင့် မာဆေးလ်
ဆလိုဗေးနီးယားကလပ် ဒွန်ဇယ်လ်က တတိယအဆင့်မှာ ဂျာမန်ကလပ် ဖရိုင်းဘတ်ကို ကျော်ဖြတ်လာခဲ့တာပါ။ မာဆေးလ် လူအင်အားသာပေမယ့် အဝေးကွင်းမှာ ဂိုးပြတ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
အေဂျက်စ် နှင့် ရိုစင်ဘော့
ဒီ(၂)သင်းကလည်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ကြရတဲ့ အသင်းတွေပါပဲ။ အေဂျက်စ်အသင်းက လတ်တလောမှာ ဖွဲ့ စည်းပုံပျက်နေသလိုပဲ။ ဒါပေမဲ့ သိပ်တော့မဆိုးရွားသေးပါဘူး။ ဒီတစ်ပွဲတော့ အေဂျက်စ် ပြန်လာလိမ့်မယ်။
မာရီတီမို နှင့် ဒိုင်နမိုကိဗ်
ဒိုင်နမိုကိဗ်အသင်းက ချန်ပီယံလိဂ်ကနေ မမျှော်လင့်ဘဲ ထွက်ခဲ့ရတယ်။ ကစားသမားကောင်းတွေရှိပေမယ့် အဝေးကွင်း ဆို သိပ်မျှော်လင့်လို့မရဘူး။ မာရီတီမိုဘက်ကပဲ ရပ်တည်သင့် တယ်။
အိုဆီယက် နှင့် ဝီအန်
ပြီးခဲ့တဲ့အဆင့်မှာ PSV လို အသင်းကို ကျော်ဖြတ်လာတဲ့ အိုဆီယက်အသင်းကို လျှော့တွက်လို့မရဘူး။ သြစတြီးယားဝီ အန်အနေနဲ့ အမြင့်ဆုံးသရေတစ်ပေါက်ကိုပဲ မျှော်လင့်ရလိမ့်မယ်။ အိုဆီယက် အနိမ့်ဆုံးသရေနဲ့ အနိုင်ပါပဲ။