အဲဗာတန်အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီက အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူ၏ အရည်အသွေးကို သက်သေပြသွား မည်ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့သည်။
ရွန်နီက ''ပရိသတ်တချို့ကတော့ ကျွန်တော်က အကောင်းဆုံးပုံစံ ပြန်လည်ပြသနိုင်ဖို့ မလုံလောက်တော့ဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့အရည်အသွေးကို သက်သေပြသွားမှာပါ''ဟု ပြောကြားခဲ့သည်။
ရွန်နီသည် ပရီးမီးယားလိဂ်ဂိုးများတွင် ပါဝင်ပတ်သက်မှု ဂိုး(၃၀၀) ( ၁၉၉ ဂိုးသွင်း၊ ၁၀၁ ဂိုးဖန်တီး)ပြည့်ခဲ့ပြီး အသင်းတစ်သင်းအတွက် သွင်းဂိုးတစ်ဂိုးအကြားကြာချိန်မှာ ပရီးမီးယားလိဂ်စံချိန်တင်အဖြစ် (၄၈၆၉)ရက်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။