ဂျာမန်ဘွန်ဒစ်လီဂါကလပ်အသင်းတစ်သင်းဖြစ်သည့် ဒေါ့မွန်အသင်းသည် အာဆင် နယ်အသင်း၏ တိုက်စစ်မှူး ဂျရူးအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဒေါ့မွန် အသင်းသည် ၎င်းင်းတို့အသင်း၏ တိုက်စစ်မှူးများ ဖြစ်သည့် အူဘာမီယန်းနှင့် ဒမ်ဘီလီတို့အား ဆက်လက်ထိန်းသိမ်းထားရန် အခက်အခဲများရှိနေရာ ဂျရူးအား ပြန်လည်အစားထိုးခေါ်ယူ လိုနေခြင်းဖြစ်ကြောင်းသိရှိရသည်။
သို့သော် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဂျရူးမှာ အသင်းတွင်ဆက်လက်ကစားသွားမည်ဟု မကြာသေးမီကမှ တရားဝင်ပြောကြားထားခဲ့သည်။