ပင်မမီဒီယာစင်တာမှ အားကစားပြိုင်ပွဲကျင်းပမည့်နေရာများသို့ မီဒီယာများ သတင်းရယူနိုင်ရန် ကားများ စီစဉ်ပေးထား

ပင်မမီဒီယာစင်တာမှ အားကစားပြိုင်ပွဲကျင်းပမည့်နေရာများသို့ မီဒီယာများ သတင်းရယူနိုင်ရန် ကားများ စီစဉ်ပေးထား
Published 14 August 2017

 


Photo - Masoc

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာရောက်သတင်းရယူနေသည့် မီဒီယာများ သွားလာရလွယ်ကူစေရန် ပင်မမီဒီယာစင်တာမှ ကားများ စီစဉ်ပေးထား ကြောင်း သိရသည်။ အားကစားနည်းအလိုက်ကားများ စီစဉ်ပေးထားခြင်းဖြစ်ပြီး ကြို့ပို့ ဆောင်ရွက်ပေး လျက်ရှိသည်။ အားကစားနည်းများ ကျင်းပမည့် နေရာများမှာဝေးကွာနေပြီး မီဒီယာများ သတင်းရယူရာတွင် ခရီးနှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် လာရောက်သတင်းရယူနေသည့် မီဒီယာများမှာ ၂၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ပြီးခဲ့သည့် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲထက် များပြားလျက်ရှိသည်။ ပင်မမီဒီယာစင်တာကို မလေးရှားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၌ ဖွင့်လှစ်ထားပြီး ရုပ်သံလိုင်းများအတွက် တစ်ခု၊ သတင်း/ဂျာနယ်များအတွက် တစ်ခုထားရှိပေးထားသည်။ ယင်းစင်တာတွင် မီဒီယာများအတွက် လိုအပ်သည့်ကိစ္စရပ်များအား ဆောင်ရွက်ပေးလျက်ရှိသည်။

 

Most Read

Most Recent