(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပွဲစဉ်များကို ယနေ့တွင် စတင်ယှဉ်ပြိုင်ကစားကြမည့်ဖြစ်ပြီး မြန်မာနှင့် စင်ကာပူအသင်းတို့ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။အဆိုပါပွဲစဉ်ကို ယနေ့ နေ့လယ် မြန်မာစံတော်ချိန် (၂)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်ဖြစ်ကြောင်း သိရသည်။
မြန်မာနှင့် စင်ကာပူအသင်းတို့သည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုများစွာ ရှိခဲ့ပြီး (၂၀၀၁) ခုနှစ်မှ စတင်ကာ(၂၀၁၅)ခုနှစ်အထိ အုပ်စုတွင်း(၅)ကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက (၃)ပွဲတိတိ နိုင်ပွဲရယူထားနိုင်ခဲ့ပြီး (၂)ပွဲရှုံးနိမ့်ထားသည်။
■ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနှင့် စင်ကာပူအသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း ဆီးဂိမ်းစ်တွင် မြန်မာနှင့် စင်ကာပူအသင်း တွေ့ဆုံမှုများ
ခုနှစ် အဆင့် ရလဒ်
၁၉၆၅ အုပ်စု မြန်မာ ၁-ဝ စင်ကာပူ
၁၉၇၁ အုပ်စု မြန်မာ ၈-၁ စင်ကာပူ
၁၉၇၅ အုပ်စု မြန်မာ ၁-ဝ စင်ကာပူ
တတိယလုပွဲ မြန်မာ ၂-၂ စင်ကာပူ
၁၉၇၇ အုပ်စု မြန်မာ ၅-၁ စင်ကာပူ
၁၉၇၉ အုပ်စု မြန်မာ ၁-၂ စင်ကာပူ
၁၉၈၇ အုပ်စု မြန်မာ ဝ-၀ စင်ကာပူ
၁၉၈၉ အုပ်စု မြန်မာ ဝ-၄ စင်ကာပူ
၁၉၉၁ အုပ်စု မြန်မာ ဝ-၂ စင်ကာပူ
၁၉၉၃ ဆီမီး မြန်မာ ၃-၃ စင်ကာပူ
(ပယ်နယ်တီ ၅-၃ ဂိုးဖြင့် မြန်မာနိုင်)
၁၉၉၅ အုပ်စု မြန်မာ ၂-၄ စင်ကာပူ
တတိယလုပွဲ မြန်မာ ဝ-၁ စင်ကာပူ
၁၉၉၇ အုပ်စု မြန်မာ ၂-၂ စင်ကာပူ
၂၀၀၁ အုပ်စု မြန်မာ ၂-၁ စင်ကာပူ
၂၀၀၃ အုပ်စု မြန်မာ ၂-ဝ စင်ကာပူ
၂၀၀၅ အုပ်စု မြန်မာ ဝ-၁ စင်ကာပူ
၂၀၀၉ အုပ်စု မြန်မာ ၁-၂ စင်ကာပူ
၂၀၁၅ အုပ်စု မြန်မာ ၂-၁ စင်ကာပူ