■ ကွမ်ကျိုးအဲဗားဂရန်းကွင်းလယ်လူ ပေါ်လင်ဟိုကို ပေါင်(၃၆.၅)သန်းဖြင့် ဘာစီလိုနာအသင်း ခေါ်ယူ

■ ကွမ်ကျိုးအဲဗားဂရန်းကွင်းလယ်လူ ပေါ်လင်ဟိုကို ပေါင်(၃၆.၅)သန်းဖြင့် ဘာစီလိုနာအသင်း ခေါ်ယူ
Published 14 August 2017

ဘာစီလိုနာအသင်းသည် ကွမ် ကျိုးအဲဗားဂရန်းအသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ပေါ်လင်ဟိုကို
ပေါင် (၃၆.၅)သန်း(ယူရိုသန်း ၄၀)ဖြင့် ခေါ် ယူနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ သည်။
စပါးအသင်းကစားသမားဟောင်း ပေါ်လင်ဟိုသည် ၂၀၁၅ ခုနှစ်က ကွမ် ကျိုးအဲဗားဂရန်းအသင်းသို့
ပြောင်း ရွှေ့ခဲ့ပြီး(၂)နှစ်တာကာလအတွင်း အသင်းအတွက် (၉၅)ပွဲကစားကာ (၂၈)ဂိုးသွင်းယူခဲ့သလို
အာရှချန်ပီယံလိဂ်၊တရုတ်စူပါလိဂ်အပါအဝင် ဆုဖ လားအချို့ရယူခဲ့သည်။ ပေါ်လင်ဟို သည် ဘာစီလိုနာအသင်းက
၎င်းကိုခေါ်ယူလိုနေကြောင်း သတင်းများ ထွက်ပေါ်စဉ်ကတည်းက ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဆန္ဒပြင်းပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနွေရာသီအတွင်း ပေါ် လင်ဟိုကို ခေါ်ယူရန် အကြိမ်ကြိမ်ကြိုး ပမ်းခဲ့ပြီး ပြီးခဲ့သည့်
ဇူလိုင်လအတွင်းကပေါ်လင်ဟိုအား ပေါင်(၁၇)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကွမ်ကျိုးအဲဗားဂရန်းအသင်းက
ပယ်ချခဲ့သည်။ ယခုအခါဘာစီလိုနာအသင်းသည် ပေါ်လင်ဟိုအတွက် ပြောင်းရွှေ့ကြေး ကို ပေါင်(၃၆.၅)သန်းအထိ
တိုးမြှင့် ပေးခဲ့ပြီးနောက်ကွမ်ကျိုးအဲဗားဂရန်း အသင်းက ယင်းပမာဏကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း Daily Mail သ တင်းစာကဖော်ပြခဲ့သည်။

REF:Daily Mail
Photo:The sun

Most Read

Most Recent