■ ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် - စပါး (၁၃-၈-၂၀၁၇ ည ရး၀၀)
ဒီပွဲပြီးရင် ချယ်လ်ဆီးနဲ့ ကစားရမယ့် စပါးအတွက်တော့ အမှားအယွင်းဖြစ်ခဲ့ရင် စောစောစီးစီး ဦးကျိုးသွားနိုင်တဲ့အခြေအ နေရှိတယ်။ နယူးကာဆယ်က ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့ပြီး က စားသမားကောင်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စပါး အမှားခံမှာ မဟုတ်ဘူး။ စပါးပဲ နိုင်လိမ့်မယ်။
မန်ယူ - ဝက်စ်ဟမ်း (၁၃-၈-၂၀၁၇ ည ၉း၃၀)
မန်ယူက ပြီးခဲ့တဲ့ ရာသီ အမှတ်ပေးပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ဘူး။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ပထမဆုံးရာသီအနေအထား ကို ချိန်ကြည့်ရင် အားရစရာလို့ပြောရမယ်။ အသင်းမှာ လိုအပ်ချက်ရှိနေတာက တိုက်စစ်ပိုင်းဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် လူ ကာကူကိုပြန်ခေါ်ထားတယ်။ ဒါပေမဲ့ အီဘရာဟီမိုဗစ်နေရာမှာ အစားဝင်လာတာသာရှိပြီး ပိုကောင်းလာတယ်လို့ ပြောလို့မရ ဘူး။ အသင်းမှာ ရှိတဲ့သူတွေ ပိုကောင်းလာဖို့ပဲ မျှော်လင့်ရတယ်။ လက်ရှိအနေအထားအရ ကွင်းလယ်က တော်တော်လေးတောင့် တင်းသွားပြီး ခံစစ်ကတော့ လူမစုံသေးလို့ ရုန်းကန်ရဆဲဆိုပေမယ့် တော်ရုံပွဲကတော့ ပြဿနာမရှိလောက်ဘူး။ ဝက်စ်ဟမ်းက ဟာနန်ဒက်ဇ်ကို တိုက်စစ်မှာ အားဖြည့်ထားသလို၊ အာနော်တိုဗစ်၊ ဇာဘလက်တာ၊ ဂျိုးဟတ်တို့လည်း ရောက်လာတယ်။ ဒါပေမဲ့ အရင် ဝက်စ်ဟမ်းကစားသမားတွေထက် အများကြီးပိုကောင်းတယ်လို့ ပြောလို့မရပါဘူး။ အသင်းအခြေအနေက ဒီအတိုင်းပဲ ရှိနေလိမ့်မယ်။ ရာသီကြိုမှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့ကို ရှုံးခဲ့ပေမယ့် ပွဲအများစုမှာ မန်ယူသက်သောင့်သက်သာ ဖြတ် သန်းနိုင်ခဲ့သလို၊ ဒီပွဲမှာလည်း မန်ယူပဲ လွယ်လွယ်ကူကူနိုင်သွားဖို့များပါတယ်။
■ ယနေ့ညယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
စထရာဘိုး - လိုင်လီ (၁၃-၈-၂၀၁၇ ည ရး၃၀)
အိမ်ကွင်းဆိုရင် စထရာဘိုးတိုက်စစ် ဂိုးသွင်းအားမြင့်မားတယ်။ ရာသီကြိုကာလတုန်းက အဝေးကွင်းမှာလိုင်လီရုန်းကန်ခဲ့ရတာကို သတိပြုရမှာဖြစ်ပေမယ့် လူစာရင်းအရ စထရာဘိုးကိုအနိုင်ယူနိုင်ပါတယ်။ နှစ်သင်းပေါင်းဂိုးများမယ်။
ဒီယွန်း - မိုနာကို (၁၃-၈-၂၀၁၇ ည ၉း၃၀)
မိုနာကိုခံစစ်မှာ အားနည်းချက်တွေရှိနေသလို တူးလူးနဲ့ ပွဲတုန်းက (၃)ဂိုးအထိရခဲ့ပေမယ့် ဂိုးရဖို့ရုန်းကန်နေရပုံပဲ။ ဒါ ပေမဲ့ ဒီယွန်းခံစစ်က အားနည်းချက်တွေရှိပါတယ်။ ဒီယွန်းတစ် မှတ်လောက်ပဲ မျှော်လင့်ခွင့်ရှိနေတယ်။