အပြန်အလှန်ဂိုးတွေနဲ့ သရေကျခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်

အပြန်အလှန်ဂိုးတွေနဲ့ သရေကျခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်
Published 12 August 2017

Photo: Reuters

ပရီးမီးယားလိဂ် ပွဲစဉ်(၁) စနေည အစောဆုံး ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်နဲ့ လီဗာပူးလ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အပြန်အလှန် ဂိုးတွေသွင်းကာ (၃-၃)ဂိုး သရေကျခဲ့ပါတယ်။

ဒီပွဲရဲ့ ထူးခြားချက်က နှစ်သင်းပေါင်း (၆)ဂိုးသွင်းထဲက (၅)ဂိုးဟာ ပထမဆုံး ဂိုးပေါက်တည့်တဲ့ (၅)ကြိမ်မှာပဲ သွင်းဂိုးတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဦးဆောင်ဂိုးကို အိမ်ရှင် ဝက်ဖို့ဒ်အသင်းက သွင်းယူနိုင်ခဲ့ပြီး (၈)မိနစ်မှာ တိုက်စစ်မှူး အိုကာကာက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ပွဲချိန်(၂၉)မိနစ်မှာတော့ လီဗာပူးလ် အသင်းက ချေပဂိုးရခဲ့ပြီး မာနေက အမ်မရီချန်နဲ့ ချိတ်ဆက်ကာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ တစ်ကျော့ပြန် ဦးဆောင်ဂိုးကို ကွင်းလယ်လူ ဒိုကော်ရီက (၃၂)မိနစ်မှာ ဂိုးပေါက်နဲ့ အနီးကပ်အနေအထားကနေ သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ဝက်ဖို့ဒ်အသင်း (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းက ချေပဂိုး၊ ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး ပွဲကိုပြန်လည် ဦးဆောင်ခဲ့ပါတယ်။ (၅၅)မိနစ်မှာ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနိုက ဆာလာကြောင့်ရတဲ့ ပယ်နယ်တီကို အဆုံးသတ်ခဲ့ပြီး (၅၇)မိနစ်မှာတော့ ဆာလာက ဖာမီနိုရဲ့ ဖန်တီးမှုကတစ်ဆင့် သွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်း အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဝက်ဖို့ဒ်အသင်းရဲ့ နောက်ခံလူ ဘရစ်တို့စ်က ချေပဂိုးသွင်းယူသွားခဲ့ပြီး (၃-၃)ဂိုး သရေကျခဲ့ပါတယ်။

■ ပွဲရလဒ်
ဝက်ဖို့ဒ် ၃-၃ လီဗာပူးလ်

Most Read

Most Recent