နေမာအတွက် ITC လက်မှတ်ရရှိသဖြင့် ဂူအမ်ဂမ့်နှင့်ပွဲ၌ ပါဝင်ကစားနိုင်မည်

နေမာအတွက် ITC လက်မှတ်ရရှိသဖြင့် ဂူအမ်ဂမ့်နှင့်ပွဲ၌ ပါဝင်ကစားနိုင်မည်
Published 12 August 2017

PSGအသင်းဖော်များနှင့်လေ့ကျင့်နေသည့် နေမာ(Photo:AFP)

PSG အသင်း၏တိုက်စစ်မှူးသစ် နေမာသည် နိုင်ငံတကာအပြောင်းအရွှေ့လက်မှတ် (ITC) ရရှိခဲ့ပြီဖြစ်သောကြောင့် သြဂုတ် ၁၃ ရက်တွင် ဂူအင်ဂမ့်အသင်းနှင့် ကစားရမည့် အဝေးကွင်းပွဲစဉ်၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေမာသည် သြဂုတ် ၃ ရက်ကတည်းက PSG အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နှင့် လာလီဂါအဖွဲ့ချုပ်ထံမှ ITC လက်မှတ်အချိန်မီ မရရှိသဖြင့် အာမီယန်အသင်းနှင့်ကစားခဲ့သည့် ရာသီအဖွင့်ပွဲကို လွဲချော်ခဲ့သည်။

ယခုတစ်ပတ်ပွဲစဉ်မတိုင်မီ ITC လက်မှတ်အချိန်မီရောက်ရှိလာခြင်းမရှိပါက ထပ်မံစောင့်ဆိုင်း ရနိုင်ခြေရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ပြင်
သစ်ဘောလုံးအဖွဲ့ချုပ် (FFF) နှင့် ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်အဖွဲ့ချုပ် (LFP) က ဂူအင်ဂမ့်နှင့်ပွဲ၌ ၎င်းင်းပါဝင်နိုင်မည်ဖြစ်ကြောင်း သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

''နေမာရဲ့စာချုပ်က ဒီနေ့မွန်းလွဲပိုင်းမှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်ပါပြီ။ ဒါကြောင့် တနင်္ဂနွေနေ့ပွဲမှာ သူ ပါဝင်ကစားလို့ရပါပြီ"ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ နေမာသည် အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်လည်း ရွေးချယ်ခံထားရသည်။

Most Read

Most Recent