■ စီးရီးအေပွဲစဉ်
■ ဖီအိုရင်တီးနား နှင့် ဂျူဗင်တပ်စ် (၁၀-၂-၂၀၁၈ နံနက် ၂း၁၅ နာရီ)
ဂျူဗင်တပ်စ်က နောက်ဆုံးပွဲမှာ ဆာဆူအူလိုကို ဂိုးပြတ်အနိုင်ရပြီး ခြေစွမ်းပြထားတယ်။ ဟီဂွါအင် ဂိုးပေါက်ပြန်တွေ့လာတာကလည်း ဂျူဗင်တပ်စ်အတွက် မင်္ဂလာတစ်ပါးပါပဲ။ ဖီအိုရင်တီးနားက ကစားပုံမဆိုးပေမယ့် တိုက်စစ်ပုံမှန်မရှိဘူး။ အိမ်ကွင်းမှာ နိုင်ပွဲမရတာလည်း ကြာနေပြီ။ ဖီအိုရင်တီးနား တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။
■ လာလီဂါပွဲစဉ်
■ ဘီလ်ဘာအို နှင့် လက်စ်ပါမားစ် (၁၀-၂-၂၀၁၈ နံနက် ၂း၃၀ နာရီ)
ဒီပွဲအပြီး ယူရိုပါလိဂ်အတွက် ရုရှားကိုသွားရဖို့ရှိနေလို့ ဘီလ်ဘာအိုတို့ ထိန်းကစားပါလိမ့်မယ်။ လက်စ်ပါမားစ်ရဲ့အဝေးကွင်းခြေစွမ်းကလည်း ဘီလ်ဘာအို ခြေကုန်မထုတ်ရင်တောင် ထိန်းကစားနိုင်ပါတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ်
■ လိုက်ပ်ဇစ် နှင့် အော့စ်ဘတ် (၁၀-၂-၂၀၁၈ နံနက် ၂း၀၀ နာရီ)
နိုင်ပွဲပြန်တွေ့ထားတဲ့ လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားလုပ်လို့မရပါဘူး။ လေဗာကူဆင်က ခြေစွမ်းတည်ငြိမ်နေချိန်၊ ဒေါ့မွန်ကလည်း အပြောင်းအလဲဖြစ်လာနိုင်လို့ လိုက်ပ်ဇစ်အဖို့ နိုင်သင့်တဲ့ပွဲတွေကို အမှတ်ပြည့်ယူထားနိုင်ဖို့ လိုအပ်နေတယ်။ အော့စ်ဘတ်ရဲ့အဝေးကွင်းရလဒ် သိပ်မကောင်းတော့လို့ လိုက်ပ်ဇစ် အနိုင်သေချာပါတယ်။
■ ပြင်သစ်လီဂူးပွဲစဉ်
စိန့်အက်တီယန် နှင့် မာဆေးလ် (၁၀-၂-၂၀၁၈ နံနက် ၂း၁၅ နာရီ)
စိန့်အက်တီယန် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလား။ (၂)ပွဲဆက်အနိုင်ရထားပြီး အိမ်ကွင်းနောက်ဆုံး(၆)ပွဲ ဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ဒီပွဲမှာလည်း မာဆေးလ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်ကို အနှောင့်အယှက်ပေးဖို့ ကြိုးစားပါလိမ့်မယ်။ မာဆေးလ် အမှတ်လျော့သွားနိုင်တယ်။