ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 February 2018

ဝက်ဖို့ဒ် နှင့် ချယ်လ်ဆီး (၆-၂-၂၀၁၈ နံနက် ၂း၃၀ နာရီ)

နည်းပြသစ်နဲ့ ဝက်ဖို့ဒ်ကလည်း တည်ငြိမ်မှုရဖို့စောင့်ကြည့်ရဦးမှာပါ။ ချယ်လ်ဆီးကတော့ ရလဒ်ပိုင်းသိပ်မငြိမ်ပေမယ့် နိုင်သင့်တဲ့ပွဲအများစုကိုတော့ နိုင်အောင်ကစားနိုင်တာတွေ့ရတယ်။ လက်ရှိအချိန်မှာ ဝက်ဖို့ဒ်က ချယ်လ်ဆီးအတွက် အရမ်းခက်တဲ့ ပြိုင်ဘက်တော့မဟုတ်ဘူး။ ချယ်လ်ဆီးဂိုးမပြတ်ဘဲ နိုင်မယ်။

လက်စ်ပါမားစ် နှင့် မာလာဂါ (၆-၂-၂၀၁၈ နံနက် ၂း၃၀ နာရီ)

ဇယားအောက်ပိုင်းက ဒီ(၂)သင်းရဲ့ပွဲကလည်း အကြိတ်အနယ်ရှိမှာသေချာပါတယ်။ လက်စ်ပါမားစ်က အိမ်ကွင်းကစားပုံ မဆိုးဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဗလင်စီယာကိုအနိုင်ယူ ထားတဲ့ခြေစွမ်းက မာလာဂါကို မရှုံးနိုင်ပါဘူး။ မာလာဂါခံစစ်က စားနိုင်လို့ ဒီပွဲကို ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။

လာဇီယို နှင့် ဂျီနိုအာ (၆-၂-၂၀၁၈ နံနက် ၂း၁၅ နာရီ)

အီမိုဘီလီ ပြန်ပါလာနိုင်လို့ လာဇီယိုတိုက်စစ်ပုံမှန်ပြန်ဖြစ် လာပါလိမ့်မယ်။ နောက်ပိုင်းအဝေးကွင်းပွဲစဉ်တွေမှာ ဂျီနိုအာခံစစ်လုံခြုံရေးဦးစားပေးပြီး အမှတ်တွေယူနေပေမယ့် တိုက်စစ်က ဂိုးမသွင်းနိုင်တာပြဿနာဖြစ်နေတယ်။ အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ အနည်းဆုံး(၃)ဂိုးပြတ်နိုင်ထားတဲ့ လာဇီယို (၂)ဂိုးပြတ် နိုင်ဖို့များပါတယ်။

Most Read

Most Recent