နိုင်ငံတကာ ခြေစမ်းပွဲတစ်ခုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့သည် သြဂုတ် (၁၁) ရက်နေ့တွင် ပထမဦးဆုံး ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၁၈ အသင်းက ရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း အင်တာမီလန် ယူ-၁၈ နည်းစနစ် ဒါရိုက်တာ မစ္စတာ ဒန်နီရယ်လီဘာဂါဇာလီက ချီးကျူးခဲ့သည်။
[bc_video video_id="5538773084001" account_id="5045712145001" player_id="default"]
မြန်မာ ယူ-၁၈ အသင်းသည် ပထမပိုင်း ပွဲကစားချိန်အတွင်း (၃-ဝ) ဂိုးဖြင့် ရှုံးနိမ့်နေသော်လည်း ဒုတိယပိုင်းတွင် (၂) ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် (၄-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“မြန်မာ ယူ-၁၈ အသင်းရဲ့ ကစားပုံက အံ့သြဖို့ ကောင်းပါတယ်။ ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တယ်” ဟု နည်းစနစ်ဒါရိုက်တာ မစ္စတာ ဒန်နီရယ်လီဘာဂါဇာလီက ပွဲအပြီးတွင် ပြောသည်။ မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့သည် သြဂုတ်(၁၃)ရက်နေ့တွင် ဒုတိယမြောက် ခြေစမ်းပွဲကို သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
■ ဓာတ်ပုံ - ကောင်းထက်အောင်