■ စပိန်လာလီဂါပွဲစဉ်
■ ဆိုစီဒက် နှင့် ဒီပို့တီဗို (၃-၂-၂၀၁၈ နံနက် ၂း၃၀ နာရီ)
ဒီပို့တီဗိုရဲ့ လက်ရှိကစားပုံနဲ့ အားနည်းနေတဲ့ခံစစ်ကြောင့် အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာမယ့် အိမ်ရှင်ဆိုစီဒက်ကို တားဆီးနိုင်ဖို့ မလွယ်ပါဘူး။ ဆိုစီဒက်အတွက် လက်ရှိအချိန်မှာ အိမ်ကွင်း ရမှတ်တွေကအရေးပါနေပြီး အိမ်ကွင်းဆိုရင် တိုက်က်စစ်ကစားပုံက ပိုကောင်းတတ်ပါတယ်။ ဒီပို့တီဗို ခံစစ်ပိတ်ဆို့ကစားနိုင်ပေမယ့် ဆိုစီဒက်နဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ်
■ ကိုလုံး နှင့် ဒေါ့မွန် (၃-၂-၂၀၁၈ နံနက် ၂း၀၀ နာရီ)
ဒေါ့မွန်အသင်းက ဒုတိယရာသီဝက်မှာ နိုင်ပွဲလုံးဝမရသေးဘူး။ အူဘာမီယန်းရဲ့အပြောင်းအရွှေ့သတင်းတွေက အသင်းအပေါ် ရိုက်ခတ်သလားတောင်ထင်ရတယ်။ အခု အူဘာမီယန်းက အသင်းပြောင်းသွားပြီ။ အူဘာမီယန်းရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမှာလဲ။ ဒေါ့မွန်အသင်းနည်းပြ စတူဂါအတွက် Plan B မရှိလောက်သေးပါဘူး။ အထောင်တိုက်စစ်နေရာအတွက် ရှိုလာ၊ အီဆက်ခ်တို့ကို စမ်းသုံးကြည့်တယ်။ နှစ်ယောက်စလုံးက အားကိုးရလောက်တဲ့ အဆင့်မရှိပါဘူး။ တောင်ပံတိုက်စစ်မှာတော့ ဆန်ချို၊ ပူလီရှစ်တို့ရှိနေလို့ ခံသာပါတယ်။ မာကိုရွိုက်စ်၊ ဖီးလစ်တို့ ကာလရှည်နားနေရတဲ့တိုက်စစ်မှာ အခု ယာမိုလန်ကိုပါ ဒဏ်ရာထပ် ရသွားလို့ အရံအင်အားပါ မရှိသလောက်နီးနီးဖြစ်သွားတယ်။ ကိုလုံးအသင်းကတော့ ဇယားအောက်ဆုံးကနေရုန်းထွက်ဖို့ အရှိန်အတော်ရနေပြီ။ ပထမအကျော့က ဒေါ့မွန်ကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အနေအထားနဲ့တော့ များစွာခြားနားနေပါတယ်။ ကိုလုံးနဲ့ပဲ စွန့်စားတာပိုကောင်းလိမ့်မယ်။
■ ပြင်သစ်လီဂူးပွဲစဉ်
■ မာဆေးလ် နှင့် မက်ဇ် (၃-၂-၂၀၁၈ နံနက် ၂း၁၅ နာရီ)
မက်ဇ်ရဲ့ တန်းဆင်းဇုန်ရုန်းကန်အားက ပြင်းထန်အသက် ဝင်နေတယ်။ နောက်ဆုံး(၇)ပွဲမှာ မိုနာကိုတစ်သင်းကိုပဲ ရှုံးထားလို့ မာဆေးလ် ပေါ့ဆလို့မရပါဘူး။ ဒီပွဲမှာလည်း ရမှတ်မျှော်လင့်ချက်အတွက် မက်ဇ် ရုန်းကန်လာပါဦးမယ်။ မာဆေးလ်အနိုင်ရမယ်ဆိုပေမယ့် ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။