အာဆင်နယ်အသင်းသည် ၎င်းတို့၏ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ်တွင် စံချိန်တင်ပမာဏဖြစ် သည့် တစ်ပတ်လစာပေါင်(၃)သိန်းပေး၍ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
အလက်ဆစ်ဆန်းချက်ဇ်၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခု ၂၀၁၇-၁၈ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ အာဆင်နယ်အသင်းသည် အလက်ဆစ်ဆန်းချက်ဇ်ကို ယခင်က တစ်ပတ်လစာပေါင်(၂၂၀၀၀၀)ဖြင့် ကမ်း လှမ်းခဲ့ပြီး ဆုကြေးငွေများကိုပါ ထည့်တွက်မည်ဆိုပါက ပေါင်(၂၇၅၀၀၀) အထိ တိုးမြှင့်ရရှိမည်ဖြစ်သည်။ သို့သော်လည်း အလက်ဆစ်ဆန်းချက်ဇ်ကတစ်ပတ်လစာပေါင် (၃)သိန်းအထိ အလိုရှိနေသဖြင့် အသင်းမှ စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။
ယခုအခါ အာဆင်နယ်အသင်းမှာ အလက်ဆစ်ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အများဆုံးပမာဏဖြစ်သည့် တစ်ပတ်လစာပေါင်(၃)သိန်းအထိပေး၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အလက်ဆစ်ဆန်းချက်ဇ်ကို မန်စီးတီး၊ PSG အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးကမူ အလက်ဆစ်ဆန်းချက်ဇ်အား ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်နေကြောင်းသိရသည်။
REF:Daily Mail