မနက်ဖြန်နံနက်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁)ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁)ပွဲကြိုသုံးသပ်ချက်
Published 11 August 2017

 

Photo - AFP

■ အာဆင်နယ် နှင့် လက်စတာ (၁၂-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)

အာဆင်နယ်အသင်းက သူတို့ရဲ့ တည်ငြိမ်မှုမရှိတဲ့ပုံစံကို ပြင်ဖို့အတွက် ကြိုးစားနေတယ်။ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူခဲ့တာကလည်း ဒီအတွက်ပဲ ဖြစ်တယ်။ ကျဉ်းထဲကျပ်ထဲအချိန်တွေမှာ ရုန်းကန်ရလေ့ရှိတဲ့ တိုက်စစ်အတွက် နောက်ထပ်အားဖြည့်မှု လုပ်ခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီက ဂျရူး၊ ဝဲလ်ဘက်၊ ဝေါလ်ကော့၊ လူးကပ်စ်ပီရက်ဇ်တို့ ဘယ်သူမှ တိုက်စစ်မှာ တည်ငြိမ်တဲ့ခြေစွမ်း မပြနိုင်ခဲ့ဘူး။ ဒါကြောင့် ဆန်းချက်ဇ်ကို တိုက်စစ်မှာ တင်ကစားခဲ့ရတယ်။ အခုတော့ လာကာဇက်၊ ဆန်းချက်ဇ်၊ အိုဇေးလ်အတွဲကို ဝင်းဂါးအဓိက အသုံးပြုချင်နေပုံရပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်စုဖွဲ့မှု ဖြစ်လာနိုင်တယ်။ အရေးကြီးတာက ကွင်းလယ်တည်ဆောက်ပုံဖြစ်ပြီး အယ်လ်နန်နီ၊ ချာကာတို့က ထိပ်တန်းအဆင့်ကွင်းလယ် လူတွေထဲမှာ တစ်တန်းနိမ့်နေတယ်။ လက်စတာက အီဟီယန်နာချိုကို အားဖြည့်ထားတယ်။ အသင်းက မနှစ်က အထိုင်မပြောင်းဘူး။ ဒါပေမဲ့အနာဂတ်မသေချာတဲ့ မာရက်ဇ်အနေအထားကို စောင့်ကြည့်ရမယ်။ လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံရနေတဲ့ အာဆင်နယ်ကို လက်စတာ ယှဉ်နိုင်ဖို့မရှိဘူး။ အာဆင်နယ်ပဲ အနိုင်ရလိမ့်မယ်။

■ အာဆင်နယ် နှင့် လက်စတာ ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
■ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၀) ပွဲတွင် (၈)ပွဲအထိအနိုင်ရရှိခဲ့ပြီး Clean Sheet ရရှိခဲ့သည့် ပွဲမှာလည်း (၅)ပွဲ အထိရှိခဲ့သည်။
■ လက်စတာအသင်းသည် ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံး (၂၁) ပွဲတွင် (၂) ပွဲသာ အနိုင်ရရှိခဲ့ပြီး (၁၃)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ပေးဂိုးမပေးရသည့် ပွဲမှာလည်း (၂)ပွဲသာ ရှိခဲ့သည်။
■ အာဆင်နယ်အသင်းသည် နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့် အထက်တွင်ရှိခဲ့သည်။

Most Read

Most Recent