ဆွမ်ဆီး - လီဗာပူးလ် (၂၃-၁-၂၀၁၈ နံနက် ၂း၃၀)
လီဗာပူးလ်က ကော်တင်ဟိုခေတ်လွန်မှာ မန်စီးတီးကိုအ နိုင်ကစားပြီး တိုက်စစ်ပိုင်းအခက်အခဲမရှိကြောင်း ပြသခဲ့တယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄)ပွဲဆက်နိုင်ခဲ့ပြီး (၃)ပွဲမှာ ဂိုးပေး ရတဲ့ ခံစစ်ပြဿနာတော့ရှိတယ်။ ဒါပေမဲ့ ဆွမ်ဆီးတိုက်စစ်က စိတ်ပျက်စရာပါ။ (ဝ-၂)လောက်ဖြစ်သွားနိုင်တယ်။
ဂျူဗင်တပ်စ် - ဂျီနိုအာ (၂၃-၁-၂၀၁၈ နံနက် ၂း၁၅)
နာပိုလီ ပွဲကျပ်နေချိန်မှာ ဂျူဗင်တပ်စ် အမှားမရှိအောင် ကစားပါလိမ့်မယ်။ ဒါပေမဲ့ အဝေးကွင်းနောက်ဆုံး(၄)ပွဲမှာ (၂) ပွဲနိုင်၊ (၂)ပွဲသရေကစားထားနိုင်တဲ့ ဂျီနိုအာရဲ့ ဖြစ်တည်မှုကို ဂျူဗင်တပ်စ် သတိထားရမယ်။ နောက်ဆုံး(၇)ပွဲမှာ (၆)ပွဲအထိ ပေးဂိုးမရှိကစားထားတဲ့ ဂျူဗင်တပ်စ် ဂိုးမပေးရဘဲ နိုင်ဦးမယ် ထင်တယ်။ (၂)ဂိုးထက် ပိုပြတ်မယ်မထင်ဘူး။
အီဘာ - မာလာဂါ (၂၃-၁-၂၀၁၈ နံနက် ၂း၃၀)
အိမ်ကွင်းနောက်ဆုံးပွဲမှာ အက်သလက်တီကိုကိုအရှုံးပေး ထားရပေမယ့် အီဘာရဲ့လက်ရှိကစားအားနဲ့ ခြေစွမ်းကိုတော့ မာလာဂါ ယှဉ်နိုင်ဖို့မရှိပါဘူး။ ရလဒ်တွေဆိုးရွားနေပြီး ပုံမှန်ခြေ စွမ်းရဖို့ခက်ခဲနေတဲ့ မာလာဂါတို့အတွက် အဝေးကွင်းမှာသရေ ကလွဲပြီးဘာမှမျှော်မှန်းလို့မရဘူး။ မာလာဂါခံစစ်ကြောင့် အီဘာ ဂိုးရဖို့ခက်နိုင်ပေမယ့် အီဘာကိုပဲရွေးထားချင်တယ်