FA ဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 16 January 2018

လက်စတာ နှင့် ဖလိဝုဒ် (၁၇-၁-၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် ၂း၁၅ နာရီ

လက်စတာက အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ ဆုံတွေ့မှုကလွဲလို့ အမှားအယွင်း အလွန်နည်းပါတယ်။ League Two ကလပ် ဖလိဝုဒ်ကလည်း အဝေးကွင်း(၅)ပွဲဆက် အနိုင်ကစားထားပါတယ်။ လက်စတာ အနိမ့်ဆုံး(၂)ဂိုးပြတ်မယ်။

မန်းစ်ဖီးလ် နှင့် ကာဒစ်ဖ် (၁၇-၁-၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် ၂း၁၅ နာရီ

မန်းစ်ဖီးလ်က League Two နဲ့ ကာဒစ်ဖ်က လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ တန်းတက်ဇုန်တိုက်ပွဲတွေ အသီးသီးဆင်နွှဲနေရတယ်။ အတန်းချင်းကွာပေမယ့် အိမ်ကွင်းအားရှိတဲ့ မန်းစ်ဖီးလ်နဲ့ပဲ စွန့်စားသင့်တယ်။

ဝက်စ်ဟမ်း နှင့် ရှရူးဘူရီ (၁၇-၁-၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် ၂း၁၅ နာရီ

ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ဇယား အလယ်နားအထိ တက်လှမ်းလာလို့ အတန်ငယ်စိတ်အေးရပြီ။ ဒါကြောင့် အသင်းအနေနဲ့ အခုပွဲမှာ လူစုံမထုတ်နိုင်ပေမယ့် အားထည့်ကစားဖို့တော့ ရာခိုင်နှုန်းများပါတယ်။ ဝက်စ်ဟမ်း ဂိုးပြတ်သွားဖို့များပါတယ်။

ရှက်ဖီးဝင်းစ်ဒေး နှင့် ကယ်လိုင်း (၁၇-၁-၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် ၂း၁၅ နာရီ

လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ရလဒ်တွေကျဆင်းလာတဲ့ ရှက်ဖီးဝင်းစ်ဒေးတိုက်စစ်ပိုင်းက နောက်ဆုံး(၄)ပွဲဆက် သွင်းဂိုးမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ League Two ကလပ်ကိုတော့ ရှက်ဖီးဝင်းစ်ဒေး မနိုင်စရာအကြောင်းမရှိပါဘူး။

ရက်ဒင်း နှင့် စတီဗန်နေ့ချ် (၁၇-၁-၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ

လိဂ်ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်း ပြိုင်ပွဲစုံ(၈)ပွဲ ဆက် နိုင်ပွဲပျောက်ထားတယ်။ League Two မှာကစားနေတဲ့ စတီဗန်နေ့ချ်ကလည်း ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး(၁၀)ပွဲမှာ (၉)ပွဲအထိ ရှုံးထားတဲ့အသင်းပါ။ ရက်ဒင်း ဂိုးပြတ်နိုင်မယ်။

Most Read

Most Recent