ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)ပွဲကြိုသုံးသပ်ချက်
Published 13 January 2018

ချယ်လ်ဆီး နှင့် လက်စတာ (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ချယ်လ်ဆီးက မန်ယူကို ကျော်တက်နိုင်ခဲ့ပြီးမှ အာဆင်နယ်ကို ပြန်သရေကျလို့အဆင့်(၃)နေရာကို ပြန်ရောက်သွားတယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင် ချယ်လ်ဆီးအပါအဝင် အသင်းကြီးတွေအတွက် အဓိက ပြိုင်ဘက်ဟာ မန်စီးတီးမဟုတ်ဘဲ သူတို့အချင်းချင်းဖြစ်နေတယ်။ ဒီတစ်ပတ် မန်ယူက စတုတ်စီးတီးကို အိမ်ကွင်းမှာကစားရပြီး၊ စပါးကလည်း အိမ်ကွင်းပွဲကစား ရမယ်။ အာဆင်နယ်က အဝေးကွင်းဆိုပေမယ့် ခြေပျက်နေတဲ့ ဘုန်းမောက်ဖြစ်နေလို့ ချယ်လ်ဆီးအတွက် အမှားမခံတဲ့ အခြေအနေပါ။ လက်စတာက ပွဲကြီးတွေမှာ ကောင်းတတ်ပြီး၊ ဗာဒီကအသင်းကြီးတွေကို ဂိုးမြူးနေတယ်။ ဒါပေမဲ့ လက်စတာကောင်းတာက အိမ်ကွင်းမှာပဲဖြစ်ပြီး အဝေးကွင်းမှာတော့ ခြေစွမ်းက အကန့်အသတ်ရှိတယ်။ ပထမအကျော့လက်စတာအသင်းရဲ့ကွင်း မှာ ကစားခဲ့တုန်းကလည်း ချယ်လ်ဆီးက အဝေးကွင်းမှာ (၁-၂)နဲ့နိုင်ခဲ့တယ်။ ဒါကြောင့် နောက်ဆုံး (၃)ပွဲဆုံတွေ့မှုမှာ ချယ်လ်ဆီးက (၃)ပဲွဲစလုံးနိုင်ပြီး ရဂိုး (၈)ဂိုး၊ ပေးဂိုး (၁)ဂိုးဆိုတဲ့အထိ ကွာခြားနေတယ်။ မာရက်ဇ်ရဲ့အပြောင်းအရွှေ့သတင်းတွေကလည်း လက်စတာအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားကို အာရုံများနေစေလိမ့်မယ်ထင်တယ်။ ချယ်လ်ဆီးက ဒီပွဲအတွက် အစစအရာရာသာနေတဲ့အသင်းပါ။ (၂-ဝ)လောက်ဖြစ်နိုင်တယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် ဘန်လေ (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ဘန်လေကစားတာ ချီးကျူးဖို့ကောင်းတယ်။ မာကျောပြီး စုစည်းမှုရှိတယ်။ ဂိုးပြတ်ရှုံးပွဲဆိုတာ အရမ်းရှားတယ်။ ပွဲတိုင်းလိုလို ပင်ကိုယ်ဟန်ကို ပြနိုင်ပြီး ပြိုင်ဘက်ကိုဒုက္ခပေးနိုင်တယ်။ ဒါပေမဲ့ ပဲလေ့စ်က ဘန်လေထက်ပိုကောင်းနေသလို၊ အမှတ်လည်း ပိုလိုအပ်နေပါတယ်။ ပဲလေ့စ်နိုင်မယ်။

ံဟတ်ဒါဖီးလ် နှင့် ဝက်စ်ဟမ်း (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ဟတ်ဒါဖီးလ်က အိမ်ကွင်းမှာ ခြေသိပ်မကွာတဲ့အသင်းတွေကို ဒုက္ခပေးနိုင်တဲ့အသင်းပါ။ ဒါပေမဲ့လက်ရှိ ဝက်စ်ဟမ်းအသင်းရဲ့ ခြေစွမ်းက တော်တော်လေးတိုးတက်လာတယ်။ တန်းဆင်းဇုန်ထဲမှာ ကျောက်ချခဲ့တဲ့အသင်းက အဆင့် (၁၅)အထိ တက်နိုင်ခဲ့တယ်။ ဒီပွဲလည်း ဝက်စ်ဟမ်းကိုပဲကြိုက်တယ်။

နယူးကာဆယ် နှင့် ဆွမ်ဆီး (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ဆွမ်ဆီးက အမှတ်ပေးဇယားအောက်ဆုံးကိုရောက်နေပြီး ခြေစွမ်းပိုင်းကလည်း စိတ်ပျက်စရာပါ။ ဒီပုံစံနဲ့ကတော့ တန်းဆင်းဖို့ များနေပြီး နယူးကာဆယ်ကလည်း နောက်ဆုံး (၅)ပွဲမှာ နှစ်ပွဲ နိုင်ခဲ့လို့ တန်းဆင်းဇုန်နားကနေတက်လာတာဖြစ်ပြီး အားရစရာတော့မရှိဘူး။ ဒါပေမဲ့ (၂-၁)လောက်နဲ့ ကပ်နိုင်မှာပါ။

ဝက်ဖို့ဒ် နှင့် ဆောက်သမ်တန် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ဝက်ဖို့ဒ်က ရလဒ်ပိုင်းအားနည်းနေသလို၊ ဆောက်သမ်တန်လည်း တော်တော်ညံ့နေပါတယ်။ လက်ရှိအနေအထားအရ နှစ်သင်းစလုံးက နိုင်ပွဲတွေတော်တော်လေး ရှားပါးနေတာတွေ့ရ တယ်။ ဝက်ဖို့ဒ်ကွင်းမှာ ဆောက်သမ်တန်နိုင်ဖို့မလွယ်ဘူး။ ဝက်ဒ်ဖို့အနိုင်နဲ့ သရေပဲလို့ ယူဆမိတယ်။

ဝက်စ်ဘရွန်း နှင့် ဘရိုက်တန် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၃၀ နာရီ

ဝက်စ်ဘရွန်းရဲ့ရလဒ်က အားရစရာမရှိသလို၊ ဘရိုက်တန်ကလည်း အားရစရာမရှိပါဘူး။ နှစ်သင်းစလုံးရဲ့ တိုက်စစ်ပိုင်းက အားနည်းလွန်းပြီး ဂိုးပုံမှန်သွင်းပေးမယ့်သူမရှိတဲ့ ပြဿနာက နှစ်သင်းစလုံးကို ဒုက္ခပေးနေတယ်။ ဒီပွဲက သရေကျနိုင်တယ်။ ဂိုးလည်းနည်းမယ်။ (ဝ-၀)၊ (၁-၁)ဖြစ်နိုင်တယ်။

စပါး နှင့် အဲဗာတန် (၁၃-၁-၂၀၁၈) စနေနေ့ ၁၂း၀၀ နာရီ

အဲဗာတန်နဲ့ ဆမ်အလာဒိုက်စ်ရဲ့ ပျားရည်စမ်းကာလကတော့ ကုန်သွားပြီ။ နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းဖို့ ပြန်ရုန်းကန်ရတော့မယ်။ နောက်ဆုံး (၄)ပွဲမှာ နှစ်မှတ်ပဲ ရခဲ့တဲ့အခြေအနေနဲ့ စပါးကွင်းမှာ ရပ်တည်နိုင်ဖို့မလွယ်ဘူး။ စပါးနိုင်ပွဲရမှာပါ။ (၂-ဝ)လောက်ဖြစ်နိုင်တယ်။

Most Read

Most Recent