ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 8 January 2018

ဘရိုက်တန် - ခရစ္စတယ်ပဲလေ့စ် (၉-၁-၂၀၁၈ နံနက် ၂း၁၅)

ရပ်တည်မှုရော ရလဒ်ပါသိပ်မကွာကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေပါ။ ဒါပေမဲ့ ပဲလေ့စ်က ဇာဟာရဲ့ခြေစွမ်းပြမှုနဲ့အတူ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းရော ရလဒ်ပါကောင်းလာတယ်။ ရှုံးပွဲသိသိသာသာကျဆင်းသွားပြီး နိုင်ပွဲနဲ့သရေပွဲတွေ ဆက်တိုက်ကစားနေတယ်။ အဝေးကွင်းမှာ ပဲလေ့စ်သရေကစားနိုင်လိမ့်မယ်။

မာလာဂါ - အက်စ်ပန်ညို (၉-၁-၂၀၁၈ နံနက် ၂း၃၀)

မာလာဂါကလည်း ခြေပြန်မှန်လာသလိုနဲ့ နှစ်ကုန်ခါနီး (၂)ပွဲစလုံးရှုံးပွဲဆက်သွားခဲ့တယ်။ နှစ်ပွဲစလုံးလည်း ဂိုးမရခဲ့ဘူး။ အက်စ်ပန်ညိုကလည်း ခြေမမှန်ပေမယ့် အဝေးကွင်းမှာ ထိန်းကစားတက်တဲ့အသင်းမျိုးဖြစ်လို့ မာလာဂါရဲ့ လက်ရှိပုံစံနဲ့ဆိုရင် ဒီပွဲဟာအမှတ်ပြည့်ရပါ့မလားဆိုတာစဉ်းစားရမယ်။ ဂိုးနည်းသရေပွဲလို့ပဲမှန်ထားချင်တယ်။

Most Read

Most Recent