နာပိုလီ နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ နံနက် ၂း၁၅)
ရှုံးထွက်(၁၆)သင်းအဆင့်မှာ နာပိုလီအသင်း အရံအများ စုပွဲထုတ်ခဲ့လို့ အနိုင်ရဖို့ အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။ အ ခုပွဲမှာ နည်းပြ ဆာရီအနေနဲ့ ဘယ်လိုအခင်းအကျင်းနဲ့ ပွဲထွက် လာမလဲ စောင့်ကြည့်ရမှာပါ။ အတ္တလန်တာကတော့ ပြိုင်ပွဲစုံ(၈) ပွဲဆက် ရှုံးပွဲမရှိရာကနေ နောက်ဆုံးပွဲမှာ ကာဂလီယာရီအသင်း ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းရလဒ်ပိုင်း တက်လာတဲ့ အတ္တလန်တာအသင်း နာပိုလီကို ဒုက္ခပေးဖို့ကြိုးပမ်း ဦးမှာပါ။ အတ္တလန်တာကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။