ဘရိုက်တန် - ဘုန်းမောက် ( မြန်မာစံတော်ချိန် ၁-၁-၂၀၁၈ ည ရး၀၀)
ဘရိုက်တန်ရော၊ ဘုန်းမောက်ပါ အားရစရာမရှိလို့ သရေ ပွဲကို ဦးတည်နေပါတယ်။ ဒါပေမဲ့ တစ်သင်းသင်းနိုင်ခဲ့မယ်ဆိုရင် တော့ ဘုန်းမောက်က အဝေးကွင်းမှာလာနိုင်ဖို့ထက် အိမ်ရှင် ဘရိုက်တန်ကိုပဲ ကြိုက်တယ်။
ဘန်လေ - လီဗာပူးလ် ( မြန်မာစံတော်ချိန် ၁-၁-၂၀၁၈ ည ၉း၃၀)
ပထမအကျော့တုန်းက လီဗာပူးလ်ကွင်းမှာ ဘန်လေက သရေကစားနိုင်ခဲ့တယ်။ ဒီပွဲကတော့ အိမ်ကွင်းမှာ လီဗာပူးလ် ကို ဒုက္ခထပ်ပေးနိုင်ဖို့ ဘန်လေရုန်းကန်ရမယ့်ပွဲပါ။ လက်ရှိလီ ဗာပူးလ်က အမှားနည်းလာပြီး တိုက်စစ်ကလည်း ပွဲတိုင်းလိုလို ခြေစွမ်းပြနေတယ်။ အဝေးကွင်းမှာ အမှားပိုနည်းတာကိုလည်း တွေ့ရတယ်။ ဘန်လေခံစစ်က ထိန်းချုပ်နိုင်မယ်မထင်ဘူး။ လီ ဗာပူးလ်ကိုပဲ ကြိုက်တယ်။
လက်စတာ - ဟတ်ဒါဖီးလ် ( မြန်မာစံတော်ချိန် ၁-၁-၂၀၁၈ ည ၉း၃၀)
လက်စတာက နောက်ပိုင်းပွဲတွေမှာ ရလဒ်နည်းနည်း ယိုင်လာတာကိုတွေ့ရတယ်။ ဒါပေမဲ့ ခြေစွမ်းကောင်းနေဆဲဖြစ် သလို၊ အဓိကကစားသမားတွေ တစ်ဦးချင်းပုံစံကောင်းပြနေတာ က ဒီလိုပွဲမျိုးတွေမှာ စိတ်ချရပါတယ်။ လက်စတာပဲ အနိုင်ကစား သွားလိမ့်မယ်
စတုတ်စီးတီး - နယူးကာဆယ် ( မြန်မာစံတော်ချိန် ၁-၁-၂၀၁၈ ည ၉း၃၀)
နှစ်သင်းစလုံးက အားရစရာအခြေအနေမရှိပါဘူး။ အထူး သဖြင့် ခံစစ်၊ တိုက်စစ် ဟန်ချက်မညီဘဲ ထိုးဖောက်ဖို့ လွယ်ကူ တဲ့ ခံစစ်ကြောင်းတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ စတုတ် စီးတီးအိမ်ကွင်းမှာ နယူးကာဆယ် နိုင်မယ်လို့တော့မထင်ဘူး။ စတုတ်ကိုပဲ ကြိုက်တယ်။
အဲဗာတန် - မန်ယူ ( မြန်မာစံတော်ချိန် ၂-၁-၂၀၁၇ ည ၁၂း၀၀)
အဲဗာတန်ကွင်းမှာ ကစားမယ့်ပွဲက မန်ယူအတွက် အခက်အခဲတွေအများကြီးရှိတယ်။ အဲဗာတန်က ချယ်လ်ဆီးနဲ့တုန်းက တော့ အိမ်ကွင်းမှာတောင် သရေရလဒ်ကို အသည်းအသန်ယူခဲ့ရတာကို တွေ့ရတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ ရလဒ်ကိုတော့ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ခြေတက်နေသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း အများကြီးတိုးတက်လာခဲ့ပါပြီ။ လက်ရှိအချိန် က မန်ယူကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ မန်ယူက နောက်မှာ ဖိအားပေးနေတဲ့ အသင်းတွေအများ ကြီးရှိပြီး အဲဗာတန်ထက် အများကြီးဖိအားများပါတယ်။ အမှတ်လည်း ပိုလိုအပ်နေပါတယ်။ ရက်ပိုင်းအတွင်း ပြန်ကစားရမယ့် ပွဲမှာ အဲဗာတန်ထက်အားသာတာက လူအင်အားဖြစ်ပြီး အပြောင်းအလဲတွေ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မန်ယူကလည်း လူ အပြောင်းအလဲလုပ်တာနဲ့ ခြေပါပျက်သွားတတ်တယ်။ သရေဆိုတာ မျှတတဲ့ရလဒ်ပါပဲ။