နာပိုလီ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ နံနက် ၂း၃၀ နာရီ)
နာပိုလီက နောက်ပိုင်းနှစ်တွေမှာ ကိုပါအီတာလီယာပြိုင် ပွဲကို ဖိဖိစီးစီးကစားလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ စီးရီးအေ ချန်ပီယံမျှော်လင့်ချက်ကလည်း နာပိုလီ ဘယ်လိုခရီးဆက်မလဲ စိတ်ဝင်စားစရာပါ။ အူဒီးနီးစ်ကလည်း ရှိနေတော့ နောက်ဆုံး ပွဲမှာ အင်တာမီလန်ကို အနိုင်ကစားတဲ့အထိ ရလဒ်တွေကောင်း နေတယ်။ နာပိုလီ ဂိုးပြတ်ဖို့မလွယ်ပါဘူး။
လီဗန်တေး နှင့် လီဟာနက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ နံနက် ၃း၀၀ နာရီ)
လီဗန်တေးအိမ်ကွင်း ခြေစွမ်းပျက်နေတယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲကိုတော့ လီဗန်တေးတို့ အားစိုက်ကစားလာဖို့ များနေတယ်။ ဒါပေမဲ့ လီဗန်တေးက အိမ်ကွင်းပွဲတွေမှာ နိုင်ပွဲရဖို့ တိုက်စစ်ဖွင့်ရင်း ခံစစ်ကဂိုးတွေပေးနေရလို့ ထင်သလို ရလဒ် မထွက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ လီဗန် တေး အမှတ်ရဖို့ ကြိုးစားမှာပါ။ လီဗန်တေးနဲ့ ဂိုးအနည်းပါပဲ။