လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 19 December 2017

လက်စတာ နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ နံနက် ၂း၁၅ နာရီ)

မန်စီးတီးအသင်းက ပြီးခဲ့တဲ့အဆင့်တွေမှာ ဝက်စ်ဘရွန်း၊ ဝုလ်ဗ်တို့လိုအသင်းတွေကို ခက်ခက်ခဲခဲကစားရပြီးမှ ကျော်ဖြတ် လာခဲ့တာပါ။ ဒီ(၂)ပွဲစလုံးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အရံအများစုကိုပဲ အသုံးပြုခဲ့ပါတယ်။ မန်စီးတီးကွင်းလယ်နဲ့တိုက် စစ်အရံအင်အားကလည်း အတော်လေးကြောက်ဖို့ကောင်းပါတယ်။ ခံစစ်မှာပဲ အနည်းငယ်ပြဿနာရှိနိုင်ပါတယ်။ ပွဲဆက်များ နေပြီး ဒဏ်ရာပြဿနာတွေလည်းရှိလို့ ဂွါဒီယိုလာ အရံတွေကိုပဲ ဦးစားပေးပွဲထုတ်ဖို့များပါတယ်။ လက်စတာက လီဗာပူးလ်ကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဖိအားမရှိလို့ အတောင့်တင်းဆုံးလူစာရင်းနဲ့ပဲ ရင်ဆိုင်ပါလိမ့် မယ်။ လက်စတာနဲ့စွန့်စားတာပိုကောင်းမယ်။

အာဆင်နယ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ နံနက် ၂း၁၅ နာရီ)

ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဂိုးမရှိသရေကျခဲ့တယ်။ ဒါပေမဲ့ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းလို့သာ သရေကျခဲ့တာပါ။ အာဆင်နယ်က ခရစ္စမတ်နဲ့ နှစ်သစ် ကူးကာလမှာ ပွဲကျပ်တွေတောက်လျှောက်ကစားရမှာဖြစ်လို့ အာစင်ဝင်းဂါးအနေနဲ့ အရံအများစုကိုပဲ ထုတ်သုံးဖို့များတယ်။ ဒေး ဗစ်မွိုက်စ်ရဲ့ဝက်စ်ဟမ်းအသင်းအဖို့လည်း ဒါဘီပွဲဂုဏ်သိက္ခာထက် နယူးကာဆယ်၊ ဘုန်းမောက်၊ ဝက်စ်ဘရွန်းတို့လို တန်းဆင်း ဇုန်ပြိုင်ဘက် တွေနဲ့ရင်ဆိုင်ရမယ့် လာမယ့်ပရီးမီးယားလိဂ်ပွဲတွေက ပိုအရေးကြီးနေပါတယ်။ ဒါကြောင့် အထိုင်ကျနေတဲ့ ပွဲထွက်စာရင်းကို အပြောင်းအလဲလုပ်လာဖို့ရှိတယ်။ အာဆင်နယ် လူမစုံပေမယ့် ဂိုးပြတ်၊ မပြတ်ဘဲကြည့်ရမယ်။

 

Most Read

Most Recent