ဘရိုက်တန် နှင့် ခရစ္စတယ်ပဲလေ့စ် (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူကို ရှုံး ခဲ့ပေမယ့် ကျေနပ်လောက်စရာ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်။ အသင်းရဲ့ ကစားသမားစုဖွဲ့မှုက စာရွက်ပေါ်မှာတော့ ပရီးမီး ယားလိဂ်မှာ အားအနည်းဆုံးလိုဖြစ်နေပေမယ့် ခြေစွမ်းပိုင်းက တော့ တော်တော်လေးကောင်းတယ်။ အိမ်ကွင်းမှာ ဆောက်သမ် တန်နဲ့ စတုတ်စီးတီးတို့ကို သရေကစားခဲ့ပေမယ့် ပဲလေ့စ်ကို တော့ အနိုင်ကစားမှာပါ။
လက်စတာ နှင့် စပါး (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
စပါးအသင်းက ယုံကြည်မှုပိုင်းဆိုင်ရာ ပြဿနာရှိနေပြီ။ အသင်းတိုင်းကို အနိုင်ကစားမယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကစား နေတုန်းက အသင်းကလည်း ရလဒ်တွေကောင်း၊ နိုင်ပွဲတွေဆက် တိုက်ယူခဲ့တာမှန်ပေမယ့် အခုပုံစံကတော့ စိတ်မချရတော့ဘူး။ မန်ယူကို (ဝ-၁)ဂိုးနဲ့ ရှုံးခဲ့ချိန်ကစပြီး ပရီးမီးယားလိဂ်မှာ ကြွေပျက် သွားတာတွေ့ရတယ်။ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်း သိသိ သာသာကျဆင်းသွားတယ်။ ကစားရမှာကလည်း လက်စတာ ကွင်းဖြစ်နေတယ်။ စပါး ရုန်းကန်ရလိမ့်မယ်။
ဝက်ဖို့ဒ် နှင့် မန်ယူ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၂း၃၀)
မန်ယူအသင်းရဲ့ လက်ရှိရလဒ်တွေက ကောင်းမွန်နေပေမယ့် ခြေစွမ်းက အကောင်းဆုံးပုံစံမဟုတ်သေးဘူး။ အိမ်ကွင်းမှာ ရလဒ်တွေကောင်းပေမယ့် အဝေးကွင်းဆိုရင် ရုန်းကန်ရလေ့ရှိတာကိုလည်း တွေ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း နှစ်ပွဲမှာ ဟတ်ဒါဖီးလ်နဲ့ ချယ်လ်ဆီးတို့ကို ဆက်တိုက်ရှုံးထားတယ်။ ဒါကြောင့် ဒီပွဲအတွက် ဖိအားတွေရှိနေလိမ့်မယ်။ ဝက်ဖို့ဒ်က ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဝက်စ်ဟမ်းကိုရော၊ နယူးကာဆယ်ကိုပါ အနိုင်ရခဲ့တယ်။ မာ ကိုဆေးလ်ဗားလက်အောက်မှာ ဟန်ချက်ညီပြီး၊ စုဖွဲ့မှုကောင်းတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့ရသလို၊ အိမ်ကွင်းရလဒ်လည်း တော်တော်ကောင်းတယ်။ မာကိုဆေးလ်ဗားက မနှစ်က ဟားလ်စီးတီးနည်းပြအဖြစ် မန်ယူနဲ့ မော်ရင်ဟိုကို ဒုက္ခပေးခဲ့ဖူးတဲ့နည်း ပြဖြစ်ပြီး၊ ဝက်ဖို့ဒ်ကလည်း မနှစ်က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ မန်ယူကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်အားကောင်း တဲ့နေရာက ရစ်ချာလီဆန်ရဲ့ဘယ်အခြမ်းဖြစ်ပြီး ဗလင်စီယာက သူ့ကို ထိန်းထားနိုင်မယ်လို့ ယူဆရတယ်။ ရစ်ချာလီဆန်သာ ပုံစံကောင်းမပြနိုင်ရင် မန်ယူခံစစ်က ဂိုးမပေးရအောင် ကစားနိုင်လိမ့်မယ်။ ဒီပွဲက သရေဖြစ်သွားနိုင်ပါတယ်။
ဝက်စ်ဘရွန်း နှင့် နယူးကာဆယ် (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန် နံနက် ၂း၃၀)
ရှုှုံးပွဲတွေဆက်နေတဲ့ ဝက်စ်ဘရွန်းက စပါးကွင်းမှာတော့ သရေတစ်မှတ် ရယူနိုင်ခဲ့တယ်။ နည်းပြ အပြောင်းအလဲဖြစ် သွားလို့ ကစားကွက် သိသိသာသာတက်လာတယ်လို့လည်း ဆိုရမယ်။ နယူးကာဆယ်ကလည်း အဆိုးရွားဆုံးအခြေအနေ နဲ့ ရင်ဆိုင်နေရတဲ့အသင်းဖြစ်ပြီး တိုက်စစ်က တော်တော်လေး စိတ်ပျက်စရာကောင်းတယ်။ ဒီပွဲကတော့ ဝက်စ်ဘရွန်း သရေနဲ့ အနိုင်ပဲ။