ယနေ့ညယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 November 2017

■ ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း နှင့် လက်စတာ (၂၅-၁၁-၂၀၁၇ နံနက် ၂း၃၀နာရီ)
ဒေးဗစ်မွိုက်စ်ရဲ့ အဖွင့်ပွဲကတော့ ဝက်ဖို့ဒ်ကို ရှုံးခဲ့တယ်။ သူ့ကို ဆန့်ကျင်နေတဲ့ ပရိသတ်တွေ ကျေနပ်စေဖို့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့လိုနေတယ်။ ခက်တာက ဝက်စ်ဟမ်းရဲ့ ခံစစ်က အမှားများလွန်းတယ်။ လက်စတာတိုက်စစ်က မြန်တယ်။ လေးတဲ့ခံစစ်တွေကို ဒုက္ခပေးနိုင်တယ်။ လက်စတာကိုပဲကြိုက်တယ်။

■ စပိန်လာလီဂါ
ဆယ်လ်တာဗီဂို နှင့် လီဟာနက်စ် (၂၅-၁၁-၂၀၁၇ နံနက် ၂း၃၀နာရီ)
အခုနောက်ပိုင်း လီဟာနက်စ် အဝေးကွင်းကစားပုံ လျော့လာနေတယ်။ အိမ်ကွင်းမှာခံစစ်ကအလုပ်ဖြစ်နေပေမယ့် အဝေးကွင်းမှာတော့ စိတ်ချထားလို့ မရသေးဘူး။ ဆယ်လ်တာဗီဂိုကတော့ အိမ်ကွင်းဆို ကစားအားကောင်းတဲ့အပြင် တိုက်စစ်ပါ အားကောင်းတတ်တယ်။ ဒီပွဲလည်း ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။

■ ဂျာမန်ဘွန်ဒစ်လီဂါ
ဟန်နိုဗာ နှင့် စတုဂတ် (၂၅-၁၁-၂၀၁၇ နံနက် ၂း၀၀နာရီ)
အခုရာသီမှာ တန်းတက်လာတဲ့အသင်း(၂)သင်း တွေ့ဆုံ ကြတာပါ။ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါ-၂ မှာ တွေ့ဆုံခဲ့စဉ်ကတော့ ဟန်နိုဗာက အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ အနိုင်ကစားခဲ့ပါတယ်။ စတုဂတ်ကတော့ ဒီရာသီ ဘွန်ဒစ်လီဂါ အဝေးကွင်း(၅)ပွဲစလုံး ရှုံးနိမ့်ထားတဲ့အသင်းပါ။ ဟန်နိုဗာ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

■ ပြင်သစ်လီဂူး
စိန့်အက်တီယန် နှင့် စထရာဘိုး (၂၅-၁၁-၂၀၁၇ နံနက် ၂း၁၅နာရီ)
နောက်ဆုံး(၄)ပွဲဆက် စိန့်အက်တီယန် နိုင်ပွဲပျောက်ထား ပြီး အိမ်ကွင်းမှာလည်း (၂)ပွဲဆက်ရှုံးထားတယ်။ စထရာဘိုး ရုန်းနေတယ်ဆိုပေမယ့် စိန့်အက်တီယန် နိုင်ပွဲရသင့်နေပါပြီ။

Most Read

Most Recent