ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Published 31 October 2017

ဘေဆယ် နှင့် CSKA မော်စကို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

ဘေဆယ်အသင်းက ဒီအုပ်စုမှာ ရမှတ် (၆)မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတယ်။ မန်ယူကို ဂိုးပြတ်ရှုံးခဲ့ပေ မယ့် ကျန်ပွဲစဉ်နှစ်ပွဲကိုအနိုင်ကစားထားတယ်။ CSKA ကို လည်း ပြီးခဲ့တဲ့ပွဲမှာ အဝေးကွင်းနိုင်ပွဲရထားတယ်။ အိုဘာလင်၊ တော်လန့်ချာကာ၊ ဆူချီတို့ ခြေစွမ်းပြကစားနေပြီး၊ ရှေ့၊ လယ်၊ နောက်ဟန်ချက်ညီတဲ့အသင်းဖြစ်တယ်။ ဘေဆယ်ပဲ နိုင်သွား လိမ့်မယ်။

မန်ယူ နှင့် ဘင်ဖီကာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

မန်ယူက ချန်ပီယံလိဂ်မှာ အုပ်စုကတက်ဖို့အခြေအနေ အ ရမ်းကောင်းနေပါပြီ။ အုပ်စုဗိုလ်နေရာအတွက်ပဲ စဉ်းစားရမယ့်အ နေအထားဖြစ်ပြီး ဘေဆယ်ရဲ့ခြိမ်းခြောက်မှုတော့ရှိတယ်။ ဒါပေ မဲ့ ဒီပွဲပြီးရင် ချယ်လ်ဆီးနဲ့အရေးကြီးပွဲကစားရမှာဖြစ်လို့ မန်ယူ ဒီပွဲမှာ အာရုံစိုက်မှုနည်းနေနိုင်တယ်။ ဘင်ဖီကာကိုကြိုက်တယ်။

PSG နှင့် အန်ဒါလက်ချ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

ပြင်သစ်လိဂ်မှာ အနားရထားတဲ့ နေမာအတွက်တော့ အားအင်အပြည့်နဲ့ ပေါက်ကွဲမယ့်ပွဲတစ်ပွဲအဖြစ် ယူဆရတယ်။ PSG ရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိ နေသလို၊ ယုံကြည်မှုအမြင့်ဆုံးအချိန်လည်းဖြစ်နေတယ်။ အန် ဒါလက်ချ်အသင်းရဲ့ ကွင်းမှာကစားခဲ့တုန်းကလည်း PSG က ဂိုးပြတ်အနိုင်ရခဲ့ပြီး နေမာက ဖရီးကစ်သွင်းဂိုးတစ်ဂိုးအပါအ ဝင် ကာဗာနီ၊ ဘာပေတို့ရဲ့သွင်းဂိုးတွေမှာ အဓိကနေရာက ပါဝင် ခဲ့တာတွေ့ရတယ်။ ဒီပွဲလည်း ပါရီမြေမှာ PSG ဂိုးပြတ်သွင်းဖို့ ကြိုးစားမှာဖြစ်ပြီး ပြတ်လည်းပြတ်မှာပါ။

ဆဲလ်တစ် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

ဆဲလ်တစ်က အုပ်စုတတိယနေရာအတွက်ပဲ ဦးစားပေး စဉ်းစားရမယ့်အသင်းပါ။ သူတို့အနေနဲ့ ဒီပွဲကနေ အများကြီး မျှော်လင့်နေတာမျိုးထက် လိဂ်ပြိုင်ပွဲနဲ့ အန်ဒါလက်ချ်နဲ့ကစား မယ့်ပွဲကိုပဲ ပိုအာရုံစိုက်သင့်တယ်ဆိုတာကိုလည်း သိနေလိမ့် မယ်။ ဘိုင်ယန်မြူးနစ်ကတော့ နည်းပြသစ်နဲ့ အရှိန်ပြန်တင်နေ တဲ့အသင်းဖြစ်လို့ အပြည့်အဝအာရုံစိုက်ထားမှာပါ။ လက်ရှိ ခြေ စွမ်းနဲ့ စိတ်ဓာတ်ပိုင်းကလည်း အကောင်းဆုံးပုံစံကို ပြန်လည် ရောက်ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်ပဲနိုင်မှာဖြစ်ပြီး ဂိုးပြတ် သွားနိုင်ပါတယ်။

အက်သလက်တီကို နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

အက်သလက်တီကိုက တစ်ယောက်သာအနေအထား နဲ့ ကစားခဲ့ရပေမယ့် ကာရာဘတ်ကွင်းမှာ အနိုင်မယူနိုင်ခဲ့တဲ့အ တွက် အခြေအနေတော်တော်လေးဆိုးသွားတယ်။ ရိုးမားကို အိမ်ကွင်းမှာကစားရမယ့် ပွဲတစ်ပွဲကြောင့် မျှော်လင့်ချက်ရှိနေ သေးပေမယ့် အနည်းဆုံးတော့ ဒီပွဲကိုနိုင်အောင်ကစားရမယ်။ ဒါတောင်ရိုးမားကချယ်လ်ဆီးကိုနိုင်ခဲ့ရင် အက်သလက်တီကို တော်တော်ခက်သွားမှာ။ ဒီပွဲကတော့ ဂိုးပြတ်မှာပါ။

ရိုးမား နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

ချယ်လ်ဆီးကွင်းမှာတုန်းကတော့ အကြိတ်အနယ်ကစား ပြီး သရေကျခဲ့တယ်။ ဒီနှစ်သင်းတွေ့တဲ့ပွဲတိုင်းလိုလို ဂိုးတွေများ တတ်တာကြောင့် ဒီပွဲလည်း သွင်းဂိုးတွေများနိုင်တယ်။ အစဉ်အ လာအရ ချယ်လ်ဆီးကသာပေမယ့် ချယ်လ်ဆီးရဲ့ Play ကလည်း စိတ်မချရဘူး။ ရိုးမားကို ပိုကြိုက်တယ်။

စပို့တင်းလစ္စဘွန်း နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အေစီမီလန် အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး ခြေစွမ်းပြနိုင်ခဲ့တာတွေ့ ရတယ်။ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟီဂွါအင်လည်း ဂိုးသွင်းခြေ ပြန်ရနေတာတွေ့ရပြီး အေစီမီလန်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့သွင်းဂိုး နှစ်ဂိုးစလုံးက သူ့ရဲ့ အကောင်းဆုံးပုံစံနဲ့ သွင်းယူနေကျ ကန် ချက်တွေဖြစ်နေတယ်။ စပို့တင်းလစ္စဘွန်းကလည်း အိမ်ကွင်း ကောင်းတဲ့အသင်းဖြစ်ပြီး ဘာစီလိုနာတောင် တော်တော်လေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့အသင်းပါ။ ဂျူဗင်တပ်စ် မထင်မှတ် ဘဲ သရေကျသွားနိုင်တယ်။

အိုလံပီယာကော့စ်နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက် ၂း၁၅ နာရီ)

အိုလံပီယာကော့စ်အနေအထားက ဒီအုပ်စုမှာ အိမ်ဖြည့် အဆင့်ပါ။ (၃)ပွဲကစားပြီး (၃)ပွဲ ရှုံးထားတဲ့အသင်းအနေနဲ့ ဘာ စီလိုနာလိုအသင်းမျိုးဆီကနေ ဘာကိုမှ မျှော်လင့်ခွင့်မရှိပါဘူး။ သရေရအောင် ထိန်းကစားဖို့လည်းမဖြစ်နိုင်သလို၊ ဂိုးမပြတ်ဖို့အ တွက်တောင်အသည်းအသန်ကစားရမှာပါ။ အဓိကကစားသ မားတွေဖြစ်တဲ့ ပရိုတို၊ အိုဖိုး၊ ဖီဂွရီယက်စ်တို့တောင်စိတ်မချရ တဲ့အနေအထားမှာ ဘာစီလိုနာလွယ်လွယ်နိုင်လိမ့်မယ်။

Most Read

Most Recent