လာလီဂါ ပွဲစဉ်(၁၀)ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲစဉ်(၁၀)ပွဲကြိုသုံးသပ်ချက်
Published 30 October 2017

အက်စ်ပန်ညို - ဘက်တစ် (မြန်မာစံတော်ချိန် ၃၁-၁၀-၂၀၁၇ နံနက် ၂း၃၀ နာရီ)

အက်စ်ပန်ညိုထက်စာရင် အခုနောက်ပိုင်း ဘက်တစ်က ကစားအားပိုကောင်းနေသလို၊ တိုက်စစ်ကလည်း ဂိုးတွေရ အောင် ကစားနေတယ်။ ဒါပေမဲ့ ဘက်တစ်ခံစစ်က အဝေးကွင်း မှာ စိတ်မချရတဲ့အပြင် တည်ငြိမ်မှုလည်းလိုနေသေးလို့ အက်စ် ပန်ညိုလို အိမ်ကွင်းအားပြုကစားတဲ့အသင်းကို အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။ အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။

လက်စ်ပါမားစ် - ဒီပို့တီဗို (မြန်မာစံတော်ချိန် ၃၁-၁၀-၂၀၁၇ နံနက် ၂း၃၀ နာရီ)

အခုနောက်ပိုင်း ဒီပို့တီဗို အဝေးကွင်းပွဲတွေမှာသတိထား ပြီးပြန်ကစားနေတယ်။ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ပဲသွားနေတယ်။ လက်စ်ပါမားစ်ကလည်း ဒီရာသီခြေပျက်နေတဲ့ အပြင် ခံစစ်ပိုင်းကလည်း သိသိသာသာအားနည်းလွန်းနေလို့ ဒီပို့ တီဗိုရဲ့တန်ပြန်တိုက်စစ် အခွင့်အရေးရသွားဖို့ များနေတယ်။ ဒီပို့တီဗိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

Most Read

Most Recent