ကာတာဟယ်နာ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ ၀၀း၀၀ နာရီ)
ပြိုင်ပွဲစုံမှာ (၃)ပွဲဆက်ရှုံးခဲ့တဲ့ ဆီဗီလာအသင်း ပြန်ပေါက် ကွဲမယ့်ပွဲပါ။ ကာတာဟယ်နာက ဆီဂန်ဒါ(ခ)အသင်းဖြစ်ပါ တယ်။ ဒီအဆင့်ကိုလည်း လိမ်ဖယ်လိမ်ဖယ်ရောက်လာတာပါ။ ဆီဗီလာ ဂိုးပြတ်အနိုင်ရသွားနိုင်ပါတယ်။
နူမန်စီယာ နှင့် မာလာဂါ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ ၀၀း၀၀ နာရီ)
နူမန်စီယာက ဆီဂန်ဒါအသင်းဖြစ်ပေမယ့် ခြေပျက်နေတဲ့ မာလာဂါကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အစဉ်အ လာမှာလည်း မာလာဂါကို အသာစီးရထားပြီး အိမ်ကွင်းမှာ တစ် ပွဲသာရှုံးဖူးပါတယ်။ နူမန်စီယာကိုပဲ ရွေးချယ်ချင်ပါတယ်။
ဇာရာဂိုဇာ နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၀၀ နာရီ)
ဗလင်စီယာက လာလီဂါမှာ နိုင်ပွဲတွေ ဆက်တိုက်ရယူနေ တဲ့အသင်းဖြစ်သလို၊ ဇာရာဂိုဇာကလည်း ဆီဂန်ဒါမှာ နောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ ဇာရာဂိုဇာကွင်းလည်းဖြစ်နေလို့ ဗ လင်စီယာ ဖိဖိစီးစီးကစားမှ ရလဒ်ကောင်းပါလိမ့်မယ်။
ဂီတာဖေး နှင့် အလာဗတ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၀၀ နာရီ)
အလာဗတ်စ်လည်း လာလီဂါမှာ တန်းဆင်းဇုန်ထဲ ရောက် နေပါတယ်။ ဂီတာဖေးက လတ်တလောမှာ ရလဒ်တွေကျနေ ပေမယ့် ခြေစွမ်းကတော့ မဆိုးပါဘူး။ ရီးယဲလ်၊ ဘာစီလိုနာတို့ ကိုတောင် ဂိုးသွင်းနိုင်ခဲ့တဲ့ ဂီတာဖေးပဲ အနိုင်ရဖို့ များပါတယ်။
မူစီယာ နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၂း၀၀ နာရီ)
ဆီဂန်ဒါ(ခ)မှာတောင် ရုန်းကန်နေရတဲ့ မူစီယာနဲ့ ဘာစီ လိုနာအသင်း အဆင့်ချင်းကွာခြားလွန်းပါတယ်။ ဆုံတွေ့ခဲ့ဖူးသ မျှ (၄)ပွဲစလုံးလည်း အရှုံးပေးခဲ့ရပါတယ်။ ဘာစီလိုနာ လူငယ် တွေနဲ့ပဲ နိုင်ပွဲလွယ်လွယ် ရယူသွားမှာပါ။
ကာဒစ်ဇ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၂း၀၀ နာရီ)
ဆီဂန်ဒါမှာ နောက်ဆုံး(၇)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ကာဒစ်ဇ်အသင်း ဘက်တစ်တိုက်စစ်ကို ဘယ်လောက်တောင့်ခံ နိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမှာပါ။ ဘက်တစ် အနိုင်ပါပဲ။