အင်တာမီလန် နှင့် ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)
အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ သူ့ကွင်း၊ ကိုယ့်ကွင်းအသာစီးယူထားနိုင်တာတွေ့ရ တယ်။ ဒီရာသီမှာလည်း နှစ်သင်းစလုံးဟာ အိမ်ကွင်းမာဂုဏ်ကို ဆက်လက်ပြသထားနိုင်ပြီး အင်တာမီလန်က အိမ်ကွင်း (၄)ပွဲမှာ ရာနှုန်း ပြည့်နိုင်ထားသလို၊ ဆမ်ဒိုးရီးယားကလည်း အိမ်ကွင်း(၃)ပွဲစလုံး နိုင်ပွဲယူခဲ့ပါတယ်။ ကစားဟန်အရ ဒီနှစ်သင်းမှာ ဆင်တူတဲ့ အချက်တွေရှိနေတယ်။ အင်တာမီလန်က ပါရီဆစ်၊ ကန်ဒရီဗာတို့နဲ့ တောင်ပံတိုက်စစ်ကို ဗဟိုပြုကစားသလို၊ ဆမ်ဒိုးရီးယားက လည်း ပရတ်၊ ဘာရက်တိုတို့လို ကွင်းလယ်အစွန်ကစားသမားတွေရဲ့ တိုးအားကို အားပြုထားတာတွေ့ရတယ်။ ဒီရာသီဆမ်ဒိုး ရီးယားရဲ့ အဝေးကွင်းရလဒ်တွေကို ပြန်ကြည့်ရင် တစ်ပွဲပဲ ရှုံးထားပြီး (၁)ပွဲနိုင်၊ (၂)ပွဲသရေကစားထားတဲ့အချက်က အင်တာမီလန် ကို ပေ့ါဆလို့မရဘူးလို့ သတိပေးနေပါတယ်။ အိမ်ကွင်းမှာ အင်တာမီလန် ရှုံးပွဲတွေ့လောက်တဲ့အထိ အမှားအယွင်းမရှိနိုင်ပေမယ့် ဆမ်ဒိုးရီးယား တစ်မှတ်မျှော်လင့်ခွင့်ရှိပါတယ်။ အင်တာမီလန် နိုင်ရင်လည်း ဂိုးမပြတ်ပါဘူး။
ပွဲကြိုအချက်အလက် အချို့
အင်တာမီလန်အသင်းသည် စီးရီးအေနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့် အောက်သာရှိခဲ့သည်။
ဆမ်ဒိုးရီးယားအသင်းသည် စီးရီးအေအဝေးကွင်းနောက်ဆုံး (၈)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိခဲ့ပြီး (၃)ပွဲအထိ ရှုံးနိမ့်ခဲ့သည်။
အင်တာမီလန်အသင်းသည် စီးရီးအေအိမ်ကွင်းနောက်ဆုံး (၅)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၃)ဂိုးနှင့်အထက် ဂိုးသွင်းယူနိုင်သည့်ပွဲမှာလည်း (၃)ပွဲအထိရှိခဲ့သည်။