လက်စတာ - ဝက်စ်ဘရွန်း ( မြန်မာစံတော်ချိန် ၁၇-၁၀-၂၀၁၇ နံနက် ၁း၃၀)
ရာသီအစက ပုံစံကောင်းပြခဲ့ပေမယ့် ဝက်စ်ဘရွန်းခံစစ်က နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပေးနေရတယ်။ နောက် ဆုံး (၅)ပွဲမှာ ပေးဂိုးက (၈)ဂိုးတောင်ရှိတယ်။ လက်စတာကလည်း တိုက်စစ်ပိုင်းက ဗာဒီတစ်ဦးတည်းကို မှီခိုထားရသလိုဖြစ်နေ တယ်။ ဒီပွဲမှာတော့ လက်စတာနိုင်မှာပါ။
ဗီရိုနာ - ဘင်နီဗန်တို ( မြန်မာစံတော်ချိန် ၁၇-၁၀-၂၀၁၇ နံနက် ၁း၁၅)
နိုင်ပွဲမရသေးတဲ့ တန်းတက်နှစ်သင်းရဲ့ အမှတ်လုပွဲပါပဲ။ ဘင်နီဗန်တိုက အခြေအနေပိုဆိုးနေပြီး အခုအချိန်အထိ တစ် မှတ်မှ မရသေးဘူး။ အဝေးကွင်းမှာလည်း ခံစစ်က ဂိုးပေးနှုန်း မြင့်မားနေလို့ ပက်ဇီနီဦးဆောင်တဲ့ ဗီရိုနာတိုက်စစ် ဂိုးရဖို့များပါ တယ်။ ဗီရိုနာအတွက် ပထမဆုံးနိုင်ပွဲဖြစ်လာနိုင်ပြီး (၂-၁)ဂိုး ဆိုတဲ့အဖြေ ထွက်လာနိုင်တယ်။
လက်စ်ပါမားစ် - ဆယ်လ်တာဗီဂို ( မြန်မာစံတော်ချိန် ၁၇-၁၀-၂၀၁၇ နံနက် ၁း၃၀)
လက်စ်ပါမားစ်ရဲ့ လက်ရှိခြေစွမ်းကတော့ ဆယ်လ်တာ ဗီဂိုကို မနည်းထိန်းကစားရလိမ့်မယ်။ ဒါပေမဲ့ ဆယ်လ်တာဗီဂိုက လည်း တိုက်စစ်ကဂိုးရသလောက် ခံစစ်ကစိတ်မချရလို့ လက်စ် ပါမားစ်လိုအသင်းနဲ့ အဝေးကွင်းပွဲမှာ သိပ်ပြီးမယုံရဲသေးတာ အမှန်ပါပဲ။ အိမ်ကွင်းလည်းဖြစ်သလို၊ နိုင်ပွဲရဖို့လိုအပ်နေတဲ့ လက်စ်ပါမားစ်နဲ့ ဂိုးအများပဲဦးစားပေးထားမယ်။