ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်
Published 14 October 2017

■ လီဗာပူးလ် - မန်ယူ ( မြန်မာ စံတော်ချိန် ၁၄-၁၀-၂၀၁၇ ညနေ ၆း၀၀)

မန်ယူအတွက်တော့ ဒီရာသီမှာ အခက်ခဲဆုံးပွဲတစ်ပွဲကို ကစားရတော့မယ်။ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်အသင်းတွေထဲက တစ်သင်းနဲ့ ပထမဆုံးကစားရတာဖြစ်ပြီး၊ နောက်(၃)ပွဲမှာ စပါး၊ ချယ်လ်ဆီးတို့နဲ့ကစားရဦး မှာဖြစ်တယ်။ မန်ယူအသင်းအတွက် ပွဲကျပ်ကာလတွေရဲ့အစမှာရလဒ်ဆိုးခဲ့ရင် ရှေ့လာမယ့်ပွဲစဉ်တွေအတွက်ပါ အခက်အခဲ ရှိလာနိုင်တယ်။ လီဗာပူးလ် ကတော့ နောက်ဆုံး (၄)ပွဲမှာ လက်စတာတစ်သင်းတည်းကို နောက်ကျဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မန်စီးတီးကိုရှုံးပြီး ဘန်လေနဲ့ နယူးကာဆယ်တို့ကို သရေကျခဲ့တယ်။ အသင်းရဲ့ခြေစွမ်းက မဆိုးပေမယ့် တိုက်စစ်ပိုင်းက အခွင့် အရေးတွေကို ဖြုန်းတီးနေရင်း နိုင်သင့်တဲ့ပွဲတွေ မနိုင်ဘူးဖြစ်နေတယ်။ ဒီပွဲမှာသာ မန်ယူကို အိမ်ကွင်းမှာ ရှုံးခဲ့ရင် စောစောစီးစီး အမှတ် ပြတ်သွားနိုင်ပြီး ချန်ပီယံဆုအတွက် အခက်ခဲဆုံးအနေအထားကိုရောက်သွားလိမ့်မယ်။ နှစ်သင်းစလုံးမှာ သတင်းဆိုး တွေ ရှိတယ်။ မန်ယူမှာ ခြေစွမ်းပြနေတဲ့ ဖယ်လေနီ မပါဝင်နိုင်သလို၊ အဓိကဂိုးသွင်းရှင် လူကာကူလည်း မသေချာဘူး။ ဒါပေမဲ့ လီဗာပူးလ်မှာလည်း မာနေ မကစားနိုင်တာက ပြဿနာရှိတယ်။ ဒီပွဲက သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တော့ Rhythm မှန်နေ တဲ့ မန်ယူကို ကြိုက်တယ်။

■ ဘန်လေ - ဝက်စ်ဟမ်း ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၃၀)

ဘန်လေက ရှုံးပွဲမတွေ့တာ တော်တော်ကြာပါပြီ။ ဝက်စ် ဟမ်းအသင်းထက် စုစည်းမှုပိုကောင်းပြီး ကစားပုံမာကျောတယ်။ အိမ်ကွင်းရလဒ်လည်း ကောင်းတာတွေ့ရတယ်။
ဝက်စ်ဟမ်းအ သင်းကတော့ ကစားပုံပေါ့ပြီး အဝေးကွင်းလည်းညံ့ပါတယ်။ ဘန် လေကိုပဲ ကြိုက်တယ်။

■ ခရစ္စတယ်ပဲလေ့စ် - ချယ်လ်ဆီး ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၃၀)

ပဲလေ့စ်က ဒီရာသီမှာ ရလဒ်ကောင်းဖို့၊ ရမှတ်ယူဖို့ဆိုတာ ထက် ဂိုးတစ်ဂိုးသွင်းဖို့အတွက်တောင် မစွမ်းဆောင်နိုင်သေးဘူး။
နိုင်ငံတကာပွဲတွေကြောင့်ချယ်လ်ဆီးမှာ ဒဏ်ရာပြဿနာရှိနေ တယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးမှာ အမှားခံမှာမဟုတ်ပါဘူး။ ဂိုးမပြတ်ဘဲ ချယ်လ်ဆီး ကပ်နိုင်လိမ့်မယ်။

■ မန်စီးတီး - စတုတ်စီးတီး ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၃၀)

လီဗာပူးလ်နဲ့ မန်ယူတို့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အချိန်မှာ မန်စီးတီးက အခွင့်အရေးယူရလိမ့်မယ်။ မန်စီးတီးမှာ အဓိက တိုက်စစ်မှူး အဂွဲရိုး မကစားနိုင်တာ အရင်နှစ်တွေက ပြဿနာရှိပေမယ့်
အခုအချိန်မှာတော့ တခြားကမ္ဘာ့အဆင့် အရံလူတွေ အတွက် ခြေစွမ်းပြဖို့ အခွင့်အရေးဖြစ်နေတယ်။ ဆာနေး၊ စတာလင်၊ ဂျေးဆူ၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗား တို့ရဲ့ တိုက်စစ်အခင်းအကျင်းက
အသင်းတိုင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ မန်စီးတီးက ချယ်လ်ဆီးနဲ့ပွဲကလွဲပြီး နောက်ပိုင်းပွဲ တွေမှာ ပွဲတိုင်းလိုလို ဂိုးမိုးရွာနေတာကိုလည်းတွေ့ရတယ်။ စတုတ်စီးတီးက အိမ်ကွင်းမာပေမယ့် အဝေးကွင်းမှာ သိပ်ပြီး အားရ စရာမရှိဘူး။ နောက်တစ်ချက်က ခံစစ်ကစားသမားတွေက အထလေးတယ်။ အမြင့်ဘောတွေနဲ့ ကစားကွက်နဲ့ ထိုးဖောက်တာမျိုး ကို မကြောက်ပေမယ့် တစ်ဦးချင်း ထိုးဖောက်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲလေ့ရှိတာတွေ့ရတယ်။
ဒီရာသီမှာ စတုတ်စီးတီးက အဝေးကွင်းနိုင်ပွဲမရသေးသလို၊ တိုက်စစ်ကလည်းအားရစရာမရှိဘူး။ ပေးဂိုးလည်း များတယ်။ ဒါကြောင့် မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ မရှိဘူး။ မန်ယူသာ လီဗာပူးလ်ကို အနိုင်မရခဲ့ရင်
မန်စီးတီးက အမှတ်ဖြတ်နိုင်မယ့်အခွင့်အရေးဖြစ်ပြီး အမှားခံ မှာလည်းမဟုတ်ဘူး။ မန်စီးတီး ဂိုးပြတ်သွင်းလိမ့်မယ်။

■ ဆွမ်ဆီး - ဟတ်ဒါဖီးလ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၃၀)

ဆွမ်ဆီးအသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အားရစရာမရှိ ဘူး။ အသင်းရဲ့ ပင်ကိုဟန်လည်း ပျောက်ဆုံးသွားပြီး ခံစစ်အသား ပြုအသင်းလိုဖြစ်နေတယ်။
ရီနာတိုဆန်းချက်စ်လည်း အားမကိုးရ ဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဟတ်ဒါဖီးလ်လိုအသင်းကို မရှုံး နိုင်ပါဘူး။ သရေနဲ့ အနိုင်ပဲ။

■ စပါး - ဘုန်းမောက် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၃၀)

စပါးက အကောင်းဆုံးပုံစံကို ပြန်ရနေပြီ။ နောက်ပိုင်းပွဲတွေ မှာ ဟာရီကိန်းက ဂိုးမြူးနေသလို၊ တိုက်စစ်ကလည်း ဂိုးသွင်းနှုန်း များလာတာကိုတွေ့ရတယ်။
ဘုန်းမောက်ကတော့ ဒီရာသီမှာအား ရစရာမရှိတဲ့အသင်းပါ။ အိမ်ကွင်းမှာ စပါး သေချာပေါက်အနိုင်က စားမှာဖြစ်ပြီး၊ ဂိုးလည်း ပြတ်သွားနိုင်တယ်။

■ ဝက်ဖို့ဒ် - အာဆင်နယ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၁၁း၀၀)

ဝက်ဖို့ဒ်က မန်စီးတီးကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲက လွဲပြီး အမှားမရှိဘူး။ အာဆင်နယ်ကလည်း လီဗာပူးလ်ကိုရှုံးခဲ့ပြီး ကတည်းက ရလဒ်တွေဆက်တိုက်ကောင်းနေပြီး ခံစစ်က ပေးဂိုး လုံးဝမရှိတော့ဘူး။
ဒီပွဲကတော့ အာဆင်နယ်အတွက်ခက်ခဲပါ တယ်။ ဂိုးနည်းနည်းနဲ့ သရေကျနိုင်တယ်။

Most Read

Most Recent