မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ

မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ
Published 29 September 2017

■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်
ဆယ်လ်တာဗီဂို နှင့် ဟီရိုနာ (၃၀-၉-၂၀၁၇ နံနက် ၁း၃၀)
အီဘာကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြထားတဲ့ ဆယ်လ်တာဗီဂိုရဲ့ ခြေစွမ်းနဲ့ဆိုရင်တော့ ဒီပွဲကသိပ်ပြီး အခက်အခဲမရှိနိုင်ပါဘူး။ ဟီရိုနာကလည်း အဝေးကွင်းဆိုရင် ခံစစ်ပိုင်းကိုပဲ အဓိကထားကစားလေ့ရှိတယ်။ ဆယ်လ်တာဗီဂိုကတော့ အိမ်ကွင်းအားနဲ့ အမှတ်ယူလေ့ရှိတဲ့အသင်းဖြစ်လို့ အမှားခံမှာ မဟုတ်ဘူး။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းပဲကောင်းတယ်။

■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်
ရှော်လ်ကေး နှင့် လေဗာကူဆင် (၃၀-၉-၂၀၁၇ နံနက် ၁း၀၀)
ရှော်လ်ကေးအသင်း ဘိုင်ယန်မြူးနစ်၊ ဟော်ဖန်ဟင်မ်အ သင်းတို့နဲ့ ဆက်တိုက်ကစားခဲ့ရလို့ ရှုံးပွဲဆက်ခဲ့ရတယ်။ ခြေစွမ်း မကွာတဲ့ အသင်းတွေနဲ့တွေ့ဆုံမှုတွေမှာတော့ ရှော်လ်ကေးက အိမ်ကွင်းအားသာချက် အသာစီးယူတတ်တာ သတိပြုရမယ်။ လေဗာကူဆင်က ဒီရာသီ အဝေးကွင်း(၃)ပွဲစလုံး ရှုံးထားတဲ့အသင်းပါ။ ရှော်လ်ကေး အနိမ့်ဆုံးသရေကစားမယ်။

■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူးပွဲစဉ် (၃၀-၉-၂၀၁၇ နံနက် ၁း၁၅)
မိုနာကို နှင့် မောင့်ပယ်လီယာ
မောင့်ပယ်လီယာက ခံစစ်အစွမ်းနဲ့ PSG ဆီက အမှတ်ခွဲ ယူနိုင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတို့အဝေးကွင်းမှာ ဘယ်လောက်လုပ် နိုင်မလဲဆိုတာ သံသယဝင်ချင်စရာပါပဲ။ မိုနာကိုရဲ့ အိမ်ကွင်း (၁၃)ပွဲဆက် အနည်းဆုံးနှစ်ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်အင် အားကို ပိုယုံကြည်မိပါတယ်။ မိုနာကို အနိုင်သေချာပါတယ်။

■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် လိဂ်ချန်ပီယံရှစ်ပွဲစဉ်
QPR နှင့် ဖူလ်ဟမ် (၃၀-၉-၂၀၁၇ နံနက် ၁း၁၅)
QPR က အောက်အသင်းတွေနဲ့ ဆုံတွေ့တဲ့ပွဲတွေမှာ တောင်သရေပဲ မျှော်မှန်းကစားနေပါတယ်။ ဖူလ်ဟမ်က QPR ထက် ပိုမိုမာကျောသလို၊ အဝေးကွင်းကစားပုံလည်း ကောင်းပါတယ်။ ဖူလ်ဟမ်ကိုပဲ ကြိုက်ပါတယ်။

Most Read

Most Recent